Follow Us

Topics

စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များ 
(၁)    နိုင်ငံတော်၏ စီးပွားရေးမူဝါဒများနှင့်အညီ နှစ်ရှည်၊ နှစ်လတ်၊ နှစ်စဉ်စီမံကိန်း များ ရေးဆွဲပြုစုတင်ပြရန်။
(၂)    နိုင်ငံတော်နှင့်ပြည်သူတို့၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် စျေးကွက် စီးပွားရေးစနစ်နှင့်အညီ ထုတ်လုပ်မှု၊ဝန်ဆောင်မှု၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် လေ့လာသုံးသပ်တင်ပြ ဆောင်ရွက်ရန်။

ဗဟိုစာရင်းအင်းအဖွဲ့၏လုပ်ငန်းတာဝန်များ(Mission)

ကောက်ခွန်ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ
(၁)    နိုင်ငံတော်အတွင်းသို့ တင်သွင်းလာသော ပစ္စည်းများ၊ နိုင်ငံတော် ပြင်ပသို့ တင်ပို့ သော ပစ္စည်းများနှင့်စပ်လျဉ်း၍ သတ်မှတ်ပြဌာန်းထားသော ဥပဒေနှင့်အညီ အခွန် အကောက်များ စည်းကြပ်ကောက်ခံခြင်း။
(၂)    တင်သွင်း/တင်ပို့မှုများသည် တည်ဆဲ ဥပဒေ၊ စည်းမျဉ်း စည်းကမ်းပြဌာန်းချက် များနှင့်အညီ ညီညွတ်မှုရှိ/မရှိ စိစစ်ကြပ်မတ်ခြင်း၊ စုံစမ်းဖော်ထုတ်တားဆီး အရေး ယူခြင်း။
(၃)    တင်သွင်း/တင်ပို့ခြင်းဆိုင်ရာ ကုန်သွယ်မှုကိန်းဂဏန်းများ စာရင်းပြုစုခြင်း။

ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၏လုပ်ငန်းတာဝန်များ
(က)    အသေးစားငွေရေးကြေးရေးလုပ်ငန်းဥပဒေအရ သတ်မှတ်ထားသော စည်းကမ်းချက် များ၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များနှင့်အညီအသေးစားငွေရေးကြေးရေး အဖွဲ့ အစည်းများမှ လိုက်နာဆောင်ရွက်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း။
(ခ)    ပုဂ္ဂ္ဂလိကအာမခံလုပ်ငန်းများမှ အာမခံလုပ်ငန်းဥပဒေအရ သတ်မှတ်ထားသော စည်း ကမ်းချက်များ၊ လုပ်ထုံးလုပ်နည်းညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း။

မြန်မာ့စီးပွားရေးဘဏ်၏ လုပ်ငန်းတာဝန်များ
(၁) ငွေစုအပ်ငွေ၊ အချိန်ပိုင်းအပ်ငွေ၊ စာရင်းရှင်အပ်ငွေနှင့် ငွေစုလက်မှတ်အပ်ငွေများ လက်ခံခြင်း။
(၂) အသေးစားနှင့် အလတ်စားလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများသို့ ချေးငွေများ ထုတ်ချေးခြင်း။
(၃) စီမံကိန်းများနှင့် စက်မှုလုပ်ငန်းများသို့ နှစ်ရှည်ချေးငွေများထုတ်ချေးခြင်း။
(၄) ငွေလွှဲလုပ်ငန်းဆောင်ရွက်ခြင်း။
(၅) မလေးရှားနိုင်ငံရှိ (May Bank) နှင့်ပူးပေါင်း၍ ငွေလွှဲလုပ်ငန်းဆောင်ရွက်ခြင်း။

အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနဦးစီးဌာနလုပ်ငန်းတာဝန်များ

ပင်စင်ဦးစီးဌာနဦးစီးဌာန၏ လုပ်ငန်းတာဝန်များ
(၁) ဦးစီးဌာနဝန်ထမ်းများ၏ ပင်စင်နှင့် လုပ်သက်ဆုငွေ ငွေပေးမိန့်ထုတ်ပြန်ခြင်း။
(၂) စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းများ၊ စည်ပင်သာယာအဖွဲ့အစည်းများ၏ ပင်စင်နှင့်လုပ်သက်ဆုငွေ စာရင်းစစ်အစီရင်ခံစာ ထုတ် ပြန်ခြင်း။
(၃) ယခင်ပြည်သူ့ကောင်စီအဆင့်ဆင့်နှင့်အာဏာပိုင်အဖွဲ့အစည်းများ၏ နိုင်ငံရေးပင်စင်အတွက် နိုင်ငံတော်သမ္မတရုံးမှခွင့်ပြုမိန့်ရရှိ သောအခါ ငွေပေးမိန့်ထုတ်ပြန်ပေးခြင်း။

ဦးစီးဌာန၏ ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များ
   တိုင်းဒေသကြီးကုန်တင်ကုန်ချကော်မတီရုံးအနေဖြင့် ယခင်ဗဟိုပြည်တွင်း ကုန်တင်ကုန်ချကော်မတီရုံးမှ ချမှတ်ထားသော အောက်ဖော်ပြပါရည်မှန်းချက်(၅)ရပ်နှင့် ကုန်တင် ကုန်ချလုပ်ငန်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ လွှဲပြောင်းပြီးနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပြဌာန်းထားသော တနင်္သာရီတိုင်းဒေသကြီးကုန်တင်ကုန်ချလုပ်ငန်း ဥပဒေ ၊ နည်းဥပဒေ မူဝါဒများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
(၁) ကုန်တင်ကုန်ချလုပ်ငန်းများ မှန်ကန်မြန်ဆန်စေရေး

 ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ
    လူမှုဖူလုံရေးအဖွဲ့၏ လုပ်ငန်းတာဝန်မှာ ၂၀၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျုံးဝင်သောအလုပ်ဌာနများ မှတ်ပုံတင်ခြင်း ၊ အလုပ်ရှင်အလုပ်သမားထည့်ဝင်ကြေးများ ကောက်ခံခြင်း ၊ အခမဲ့ဆေးဝါးကုသပေးခြင်း ၊ မမာမကျန်းမှု ၊ မီးဖွါးမှု ၊ အလုပ်ခွင်ထိခိုက် ဒဏ်ရာရရှိမှု ၊ သေဆုံးမှု တို့ကြောင့် ဝင်ငွေလျှော့နည်း ရပ်စဲသောအခါ အာမခံထားသူနှင့် မှီခိုသူတို့အား ငွေကြေးအကျိုးခံစားခွင့် ပြုခြင်းနှင့် အာမခံထားသူသေဆုံးပါက နာရေးစရိတ်  ခွင့်ပြု ထုတ်ပေးခြင်းတို့ဖြစ်ပါသည်။

Pages

ဝန်ကြီးချုပ်
လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီးဌာန
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန