e-Customs System အတွက် Myanmar Customs Website မှတဆင့် Online ဖြင့် Upload ဆောင်ရွက် နိုင်ရန် ဆောင်ရွက်ခဲ့ရာ သင်္ဘောလိုင်းများမှ Manifest များ၊ ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ကုန်/ သွင်းကုန် လိုင်စင်များ၊ အကောက်ခွန် လုပ်ငန်း ၀န်ဆောင်သူများမှ Declarations များအား (၉.၁၂.၂၀၁၁) ရက်နေ့တွင် Online မှတစ်ဆင့် ဆောင်ရွက် နိုင်ခဲ့ပြီး ဖြစ်ပါသည်။
IELPS (Import Export Licence And PermitSystem)ပို့ကုန်၊ သွင်းကုန် လိုင်စင်များအား Internet ရရှိသည့် မည်သည့် နေရာမှ မဆို လိုင်စင် လျှောက်ထားနိုင်ခြင်း ဖြစ်ပါသည်။ (Web Based Application System ကိုလည်း အသုံးပြုလျက် ရှိပါသည်။)
၂၀၁၂ ခုနှစ်၊ သြဂုတ်လမှ စတင်၍ ပင်စင်စားများအား ပင်စင် စာအုပ်အစား Chip ပါရှိသည့် Contactless Smart Card ကို ထုတ်ပေးပြီး အဆိုပါ Smart Card ၏ Chip အတွင်း၌ ပင်စင် စား၏ ဓါတ်ပုံ၊ ထိုးမြဲလက်မှတ်၊ လက်ဗွေ၊ မှတ်ပုံတင်အမှတ်၊ နောက်ဆုံး ပင်စင် ထုတ်ယူခဲ့သည့် ရက်စွဲနှင့် ငွေပမာဏ၊ အငြိမ်းစား ယူခဲ့သည့် ရာထူးနှင့် ဌာန၊ နေရပ်လိပ်စာ စသည့် အချက် အလက် များအား မှတ်တမ်းတင် သိမ်းဆည်း ထားသည့် စနစ် ဖြစ်ပါသည်။