Follow Us

Division Gov. News

ထားဝယ် ဇန်နဝါရီ ၁           ယနေ့ ၁၈၃၀ နာရီအချိန်တွင် ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ထားဝယ်မြို့ သန့်ရှင်းရေး ဝန်ထမ်းများအား ဂုဏ်ပြုအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ထားဝယ်မြို့သန့်ရှင်းရေးဝန်ထမ်းများနှင့် မိသားစုဝင်များ တက်ရောက် ခဲ့ပါသည်။
ထားဝယ် ဇန်နဝါရီ ၁           ယနေ့နံနက် ၀၉၀၀နာရီအချိန်တွင် ထားဝယ်မြို့၊ ပြည်သူ့ဆေးရုံကြီး၌ ကုသိုလ်ပြုသန့်ရှင်းရေး အဖွဲ့မှ ဦးဆောင်၍ ကျင်းပပြုလုပ်သော ပထမအကြိမ် စုပေါင်းကုသိုလ်ယူသွေးလှူဒါန်းပွဲသို့  တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ထားဝယ်ခရိုင်အတွင်းမှ သွေးလှူရှင်များ၊ အာဟာရကျွေးမွေးကုသိုလ်ပြုအဖွဲ့များ တက်ရောက်ခဲ့ကြပါသည်။
ထားဝယ် ဒီဇင်ဘာ ၃၀           ယနေ့ ၀၉၃၀ နာရီ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဝန်ထမ်းဆန္ဒထုတ်ဖော်ပွဲ(ဒါဘာ) အစည်းအဝေးကျင်းပ ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ကျော်၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူး များနှင့် အရာထမ်း၊ အမှုထမ်းများ စုစုပေါင်းအင်အား(၁၇၁)ဦး တက်ရောက်ခဲ့ပါသည်။

Pages