Follow Us

လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန

Thu, 09/08/2016 - 12:09

လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ပေါ်ပေါက်လာပုံနှင့်နောက်ခံသမိုင်း
     ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနသည် ၁၈၂၆ ခုနှစ်မှစ၍ မြေတိုင်းတာခြင်း၊ မြေခွှန်စည်းကြပ်ကောက်ခံခြင်းလုပ်ငန်းများဖြင့် Revenue Servey Department အဖြစ် စတင်သန္ဓေတည်ခဲ့သည်။
     ၁၉၀၆ ခုနှစ်၊ အောက်တိုဘာလ(၁၅)ရက်နေ့တွင် ကြေးတိုင်နှင့်မြေစာရင်ဦးစီးဌာနအဖြစ် ပေါ်ထွန်းခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန(တနင်္သာရီတိုင်းမြေစာရင်းဦးစီးဌာန)၏ သမိုင်းအကျဉ်း
     တနင်္သာရီတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန (ယခင်တနင်္သာရီတိုင်း၊ တိုင်းမြေစာရင်းဦးစီးဌာန)သည် ၁၉၇၂ခုနှစ်၊ မတ်လ(၁၅)ရက်နေ့စွဲပါ တော်လှန်ရေးကောင်စီကြေညာချက်အမှတ်(၉၇)အရ ဖွဲ့စည်းပုံအသစ်ဖြင့် ပြန်လည်ဖွဲ့စည်း၍ လယ်ယာနှင့်သစ်တောဝန်ကြီးဌာန၏ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနရှိ ရာထူးအခေါ်အဝေါ်များကို ရန်ကုန်မြို့၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ (၁၉-၄-၁၉၇၂) နေ့စွဲဖြင့် ရုံးအမိန့်စာအမှတ်၊ ၈၁/၇၂ အရ ပြောင်းလဲခေါ်ဝေါ်သတ်မှတ်ခဲ့ပါသည်။ သို့ဖြစ်ပါ၍ (တနင်္သာရီတိုင်း-၂) တိုင်းမြေစာရင်းဦးစီးဌာနကို (၁-၄-၁၉၇၂) ခုနှစ်တွင် စတင်ဖွင့်လှစ်ပြီး၊ တိုင်းမြေစာရင်းဦးစီးဌာနကို ထားဝယ်မြို့တွင် ရုံးစိုက်ကာ ဌာနလုပ်ငန်းကို တနင်္သာရီတိုင်းလုံခြုံရေးနှင့်အုပ်ချုပ်မှုကော်မတီများသို့ အုပ်ချုပ်ရေးဆိုင်ရာလုပ်ပိုင်ခွင့်များ အပ်နှင်းခြင်းဖြစ်သောကြောင့် ၎င်း၏အုပ်ချုပ်မှု အောက်တွင် ရှိခဲ့ကြောင်းသိရှိရပါသည်။ ထိုစဉ်က မြေစာရင်ဦးစီးဌာနအနေဖြင့် တိုင်းအတွင်းအုပ်ချုပ်မှုအဆင့်ဆင့်မှာ တိုင်းရုံး(၁)ရုံး၊ ထားဝယ်မြို့နယ်ရုံး၊ လောင်းလုံး၊ သရက်ချောင်း၊ မြိတ်မြို့နယ်၊ မြိတ်အနောက်၊ ပုလော၊ ရေဖြူ၊ ဘုတ်ပြင်း၊ တနင်္သာရီ၊ ကော့သောင်းတို့ဖြင့် မြို့နယ်ရုံး(၁၀)ရုံးတို့ ဖြစ်ပါသည်။
     နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့အစိုးရလက်ထက်၊ ၁၉၉၃ ခုနှစ်တွင် ခရိုင်ရုံးများကို ဖွင့်လှစ်သည့်အခါ တနင်္သာရီတိုင်းတွင် ထားဝယ်ခရိုင်ရုံး၊ မြိတ်ခရိုင်ရုံး၊ ကော့သောင်းခရိုင်ရုံးများကို ပြန်လည်ဖွင့်လှစ်ခဲ့ပါသည်။
     နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ အစိုးရလက်ထက်တွင် ပြောင်းလဲလာသောအုပ်ချုပ်ရေးစနစ်အရ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ (၉-၇-၁၉၉၆) ရက်စွဲပါစာအမှတ်၊၂၇၀/၂လ-၁၇(၉၆)အရ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ရုံးစိုက်ရာဒေသအပေါ်မူတည်၍ တိုင်းရုံးဖွင့်လှစ်ခဲ့၍ တိုင်းမြေစာရင်းဦးစီးဌာနကို ၂ဝဝဝ ခုနှစ်၊ အောက်တိုဘာလမှစ၍ မြိတ်မြို့သို့ ပြောင်းရွေ့ကာ တိုင်းရုံးခွဲ ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါသည်။ ထိုစဉ်အခါက တနင်္သာရီတိုင်းမြေစာရင်းဦးးစီးဌာနကို မြိတ်မြို့တွင် မြိတ်ခရိုင်မြေစာရင်း ဦးစီးဌာနနှင့် တွဲဘက်ရုံးဖွင့်လှစ်ဆောင်ရွက်ခဲ့ပါသည်။
     နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အစိုးရလက်ထက်တွင် တနင်္သာရီတိုင်းဒေသကြီးအေးချမ်းသာယာရေးနှင့်ဖွံ့ရေးကောင်စီ၊ မြိတ်မြို့၏ (၁၆-၁၂-၂၀၁၀) ရက်နေ့စွဲပါစာအမှတ်၊ ၄၀၅၅/၂၁၀/၂-၁၀/တယက(တနင်္သာရီ)အရ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ ထားဝယ်မြို့သို့ (၂-၃-၂၀၁၁)ရက်နေ့တွင် အပြီးပြောင်းရွေ့ခဲ့ပါသည်။
     တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ထားဝယ်မြို့၏ (၃၁-၃-၂၀၁၁) ရက်နေ့စွဲပါစာအမှတ်၊ ၀၀၄/၁၁၁/၁-၁/အဖရ(တနင်္သာရီ)ဖြင့် ပြောင်းလဲခဲ့သော တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့သစ်လက်ထက်တွင် လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ (၂၈-၄-၂၀၁၅) ရက်စွဲပါ အမိန့်ကြော်ငြာ၊ ၁၃/၂၀၁၅ စာအမှတ်၊ ၁/၁၈၀(က)(၁)(၉၀၂/၂၀၁၅)ဖြင့် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ ဖွဲ့စည်းပုံလက်ရှိအင်အားအတိုင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနအဖြစ် ၂၀၁၅ ခုနှစ်၊ မေလ(၁)ရက်နေ့မှစ၍ ဌာနအခေါ်အဝေါ်အမည် ပြောင်းလဲပြင်ဆင်ဖွဲ့စည်းသွားရန် ညွှန်ကြားချက်အရ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန(ရုံးချုပ်)၏ (၂၁-၁၀-၂၀၁၅) ရက်နေ့စွဲပါစာအမှတ်၊ ၇၈၃၀/၂လ-၃(က)အရ တနင်္သာရီတိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအဖြစ် ဌာနအမည် ပြောင်းလဲသုံးစွဲခဲ့ပါသည်။

Office Address and Location Map: 

တိုင်းဒေသကြီးလယ်ယာမြေ

စီမံခန့်ခွဲရေးနှင့်
စာရင်းအင်းဦးစီးဌာန
ခုံဝင်းဒပ်ရပ်ကွက်၊ ထားဝယ်မြို့
ဖုန်း - ၀၅၉-၂၁၁၂၀၊ ၀၅၉-၂၁၀၆၅

ထားဝယ်ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်
စာရင်းအင်းဦးစီးဌာန
ခုံဝင်းဒပ်ရပ်ကွက်၊ ထားဝယ်မြို့။
ဖုန်း - ၀၅၉-၂၁၁၀၅

မြိတ်ခရိုင်လယ်ယာမြေ
စီမံခန့်ခွဲရေးနှင့်
စာရင်းအင်းဦးစီးဌာန
သိမ်တော်ကြီးလမ်း၊ စျေးတန်းရပ်၊ မြိတ်မြို့။
ဖုန်း - ၀၅၉-၄၁၀၂၀

ကော့သောင်းခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်
စာရင်းအင်း ဦးစီးဌာန
အမှတ် (၅၅၅)၊ တောင်တက်လမ်း၊ 
ပိတောက်ရွှေဝါရပ်ကွက်၊ ကော့သောင်းမြို့။
ဖုန်း - ၀၅၉-၅၁၇၆၃

ထားဝယ်မြို့နယ်လယ်ယာမြေ 
စီမံခန့်ခွဲရေးနှင့် 
စာရင်းအင်းဦးစီးဌာန
ဇလပ်ဖြူလမ်းသွယ်၊ ကံ့ကော်လမ်းမကြီး၊ 
ဆန်းချီရပ်ကွက်(မြို့သစ်)၊ ထားဝယ်မြို့။
ဖုန်း - ၀၅၉-၂၂၅၀၀

ရေဖြူမြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်
စာရင်းအင်းဦးစီးဌာန
(ဂ)ရပ်ကွက်၊ ရေဖြူမြို့။
ဖုန်း - ၀၉-၇၉၃၆၅၉၃၂၉   

လောင်းလုံးမြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်
စာရင်းအင်းဦးစီးဌာန
(က)ရပ်ကွက်၊ လောင်းလုံးမြို့။
ဖုန်း - ၀၅၉-၃၃၀၄၁

သရက်ချောင်းမြို့နယ်လယ်ယာမြေ

စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန
ထားဝယ်-မြိတ်လမ်း၊ ကျောက်မြောင်းရပ်ကွက်၊ 
သရက်ချောင်းမြို့။
ဖုန်း - ၀၅၉-၃၅၀၉၆

မြိတ်မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်
စာရင်းအင်းဦးစီးဌာန
ရုံးလမ်း၊ ဆိပ်ငယ်ရပ်၊ မြိတ်မြို့။
ဖုန်း - ၀၅၉-၄၁၈၃၅
ပုလောမြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်
စာရင်းအင်းဦးစီးဌာန
ပတ္တမြားလမ်း၊ အမှတ် (၂)ရပ်ကွက်၊ ပုလောမြို့။
ဖုန်း - ၀၅၉-၃၀၁၀၅
ကျွန်းစုမြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်
စာရင်းအင်းဦးစီးဌာန
ဗိုလ်ချုပ်လမ်း၊ အမှတ် (၁)ရပ်ကွက်၊ ကျွန်းစုမြို့။
ဖုန်း - ၀၅၉-၆၂၀၁၉
တနင်္သာရီမြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်
စာရင်းအင်းဦးစီးဌာန
ဗလလမ်း၊ ချောင်းကြီးရပ်ကွက်၊ တနင်္သာရီမြို့။
ဖုန်း - ၀၅၉-၅၅၀၂၀
ကော့သောင်းမြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေး
နှင့်စာရင်းအင်းဦးစီးဌာန
စာတိုက်လမ်း၊ ဗိုလ်ချုပ်ကြေးရုပ်အနီး၊ အဏ္ဏဝါရပ်ကွက်၊ ကော့သောင်းမြို့။
ဖုန်း - ၀၅၉-၅၁၃၀၈
ဘုတ်ပြင်းမြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေး
နှင့်စာရင်းအင်းဦးစီးဌာန
ရတနာလမ်းသွယ် (၂)၊ အောင်မင်္ဂလာရပ်ကွက်၊ 
ဘုတ်ပြင်းမြို့။
ဖုန်း - ၀၅၉-၅၀၀၃၇၊ ၀၉-၈၇၄၂၁၇၂