Follow Us

စက်မှုလယ်ယာဦးစီးဌာန

Thu, 09/08/2016 - 12:09

စက်မှုလယ်ယာဦးစီးဌာန စတင်ပေါ်ပေါက်လာပုံနှင့် နောက်ခံသမိုင်း
      တနင်္သာရီတိုင်းဒေကြီးစက်မှုလယ်ယာဦးစီးဌာနအား တိုင်းရုံးလမ်း၊ အေးချမ်းသာယာရပ်ကွက်၊ မြိတ်မြို့တွင် တိုင်းဒေသကြီးဦးစီးမှူးရုံး(၁)ရုံးနှင့် လက်အောက်ခံအဖွဲ့အစည်း (၂) ခုဖြစ်သော အမှတ် (၉၁) စက်မှုလယ်ယာစခန်း (ထားဝယ်) နှင့် အမှတ်(၉၅) စက်မှုလယ်ယာစခန်း (မြိတ်)တို့ဖြင့် (၂၁.၅.၁၉၉၈)ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ပါသည်။
       ထိုနောက် (၂၀.၁.၂၀၁၁) ရက်နေ့တွင် စက်မှုလယ်ယာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံးအား ကျန်းမာရေးလမ်း၊ ဘုမ္မော်ရပ်ကွက်၊ ထားဝယ်မြို့သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး လက်အောက်ခံအဖွဲ့အစည်းအနေဖြင့် အမှတ် (၉၁) စက်မှုလယ်ယာစခန်း (ထားဝယ်) (၁) ခုနှင့် အမှတ် (၉၅) စက်မှုလယ်ယာစခန်း (မြိတ်) (၁)ခု တို့ဖြင့် စက်မှုလယ်ယာကူးပြောင်းရေးလုပ်ငန်းများကို ယနေ့အချိန်ကာလအထိ ဆောင်ရွက်ပေးလျက်ရှိပါသည်။

Office Address and Location Map: 

တိုင်းဒေသကြီးစက်မှုလယ်ယာဦးစီးဌာနမှူးရုံး
ကျန်းမာရေးလမ်း၊ ဘုမ္မော်ရပ်ကွက်၊
ထားဝယ်မြို့။
ဖုန်း - ၀၅၉-၂၃၉၀၉

ထားဝယ်မြို့အမှတ်(၉၁)စက်မှုလယ်ယာစခန်း
ကျန်းမာရေးလမ်း၊ ဘုမ္မော်ရပ်ကွက်၊
ထားဝယ်မြို့။
ဖုန်း - ၀၅၉-၂၁၇၁၉

မြိတ်မြို့အမှတ်(၉၅)စက်မှုလယ်ယာစခန်း
တိုင်းရုံးလမ်း၊ အေးချမ်းသာယာရပ်ကွက်၊
မြိတ်မြို့။
ဖုန်း - ၀၅၉-၄၁၈၈၃