Follow Us

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန

Thu, 09/08/2016 - 12:08

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန စတင်ပေါ်ပေါက်လာပုံနှင့် နောက်ခံသမိုင်း
     မြန်မာနိုင်ငံတွင် တိရစ္ဆာန်ဆေးကုသရေးဌာနခွဲကို ၁၈၉၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး၊ အင်္ဂလိပ်စစ်တပ်မှ အရာရှိမှ စီမံအုပ်ချုပ်ခဲ့ပါသည်။ ၁၉၇၂ ခုနှစ်၊ မတ်လ (၁၅)ရက်တွင် တိရစ္ဆာန်ဆေးကုသရေးဌာနခွဲနှင့် မြေယာကျေးလက်ကြီးပွားတိုးတက်ရေးကော်ပိုရေးရှင်းလက်အောက်ရှိ မွေးမြူရေးဌာနခွဲတို့ပူးပေါင်း၍ တိရစ္ဆာန်ဆေးကုသရေးနှင့်မွေးမြူရေးဦးစီးဌာနအဖြစ် ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။ ၁၉၈၃ ခုနှစ်၊ မတ်လ (၁၅)ရက်မှစ၍ လယ်ယာနှင့်သစ်တောဝန်ကြီးဌာနအောက်မှ အသစ်ဖွဲ့စည်းသော မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးအောက်သို့ ပြောင်းရွှေ့ဖွဲ့စည်းခဲ့ပြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနဟု အမည်ပြောင်းလဲခဲ့သည်။
     ၂၀၀၇ ခုနှစ်၊ ဇွန်လ (၂၈)ရက်တွင် ပျားလုပ်ငန်းဦးစီးဌာနကို ပျားလုပ်ငန်းဌာနအဖြစ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအောက်တွင် သွတ်သွင်းဖွဲ့စည်းခဲ့သည်။
     ၂၀၁၀ ခုနှစ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးချုပ်ကို ရန်ကုန်မြို့၊ အင်းစိန်မှ နေပြည်တော်သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။
     ၂၀၀၃ ခုနှစ်၊ သြဂုတ် (၈)ရက်တွင် မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနကို မွေးမြူရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနဟု အမည်ပြောင်းလဲခဲ့ပြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှာလည်း ယင်းဝန်ကြီးဌာနအောက်ရှိ အဖွဲ့အစည်း(၁)ခုအနေနှင့် တည်ရှိနေခဲ့ရာမှ၊ ၂၀၁၆ ခုနှစ်၊ ဧပြီလ(၁)ရက်မှစ၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအား ထည့်သွင်းထားရှိပါသည်။

Office Address and Location Map: 

တိုင်းဒေသကြီးမွေးမြူရေးနှင့်   ကုသရေးဦးစီးဌာန
မျှော်အင်းလမ်း၊ ညောင်ရမ်းတောင်ရပ်၊
ထားဝယ်မြို့။
ဖုန်း - ၀၅၉-၂၃၉၅၄၊ ၀၅၉-၅၉၄

ထားဝယ်ခရိုင်မွေးမြူရေးနှင့်  
ကုသရေးဦးစီးဌာန
မျှော်အင်းလမ်း၊ ညောင်ရမ်းတောင်ရပ်၊
ထားဝယ်မြို့။
ဖုန်း - ၀၅၉-၂၁၀၆၃

 

မြိတ်ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန
လေယာဉ်ကွင်းလမ်း၊ အေးချမ်းသာရပ်ကွက်မြိတ်မြို့။
ဖုန်း - ၀၅၉-၄၂၀၅၈

ကော့သောင်းခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန
တော်ဝင်လမ်း၊ အေးရိပ်ငြိမ်ရပ်ကွက်၊
ကော့သောင်းမြို့။
ဖုန်း - ၀၅၉-၅၁၉၅၄

ထားဝယ်မြို့နယ်မွေးမြူရေး နှင့်ကုသရေးဦးစီးဌာန
မျှော်အင်းလမ်း၊ ညောင်ရမ်းတောင်ရပ်၊
ထားဝယ်မြို့။
ဖုန်း - ၀၅၉-၂၃၉၅၃

ရေဖြူမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန
သဇင်လမ်း၊ (ဂ)ရပ်ကွက်၊ ရေဖြူမြို့။
ဖုန်း - ၀၅၉-၃၇၀၀၄
လောင်းလုံးမြို့နယ်မွေးမြူရေး နှင့်ကုသရေးဦးစီးဌာန
ဗိုလ်ဗထူးလမ်း၊ (က)ရပ်ကွက်၊ လောင်းလုံးမြို့။
ဖုန်း - ၀၅၉-၃၃၁၃၄

သရက်ချောင်းမြို့နယ်မွေးမြူရေး နှင့်ကုသရေးဦးစီးဌာန
ရှင်တောင့်ပုံဘုရားလမ်း၊ မြို့မရပ်ကွက်၊
သရက်ချောင်းမြို့။
ဖုန်း - ၀၅၉-၃၅၁၆၅

မြိတ်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန
အမှတ် (၂၀)၊ အ.ထ.က(၁)ကျောင်းလမ်း၊ 
မြစ်ငယ်ရပ်ကွက်၊ မြိတ်မြို့။
ဖုန်း - ၀၉-၈၇၉၂၂၀၀
ပုလောမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန
တိုးချဲ့(၆)လမ်း၊ အမှတ်(၂)ရပ်ကွက်၊ ပုလောမြို့။
ဖုန်း - ၀၅၉-၃၀၄၇၂
ကျွန်းစုမြို့နယ်မွေးမြူရေးနှင့်
ကုသရေးဦးစီးဌာန
ဗိုလ်ချုပ်လမ်း၊ အမှတ်(၁)ရပ်ကွက်၊ ကျွန်းစုမြို့။
ဖုန်း - ၀၉-၄၅၀၉၉၃၃၅၃