Follow Us

ဗဟိုစာရင်းအင်းအဖွဲ့

Thu, 09/08/2016 - 12:08

ဗဟိုစာရင်းအင်းအဖွဲ့ စတင်ပေါ်ပေါက်လာပုံနှင့်နောက်ခံသမိုင်း
     ၁၉၅၂ခုနှစ် စာရင်းအင်း အာဏာပိုင် အက်ဥပဒေ အမှတ် ၃၄အရ ဗဟိုစာရင်းအင်းနှင့် စီးပွားရေးဌာန(Central Statistical and Economic Department) ကို ၁၉၅၂ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ပါသည်။ ၎င်းနှစ်မှစတင်၍ စီးပွားရေးနှင့် လူမှုရေးစာရင်းများစုစည်းခြင်း၊ စီးပွားရေးစစ်တမ်းများ၊ အလုပ်သမားအင်အားစစ်တမ်းများ (Labour Force Surveys) နှင့် မြန်မာနိုင်ငံ အိမ်ထောင်စုများ၏ ဝင်ငွေနှင့်အသုံးစရိတ်စစ်တမ်းများ ကောက်ယူခြင်း၊ လုပ်ငန်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ စာရင်းအင်းနှစ်ပါတ်လည်စာအုပ် (Statistical Year Book)၊ မြန်မာနိုင်ငံ ပို့ကုန်သွင်းကုန် စာရင်းအင်းစာစောင် (Foreign Trade Bulletin)၊ စီးပွားရေးစစ်တမ်း အစီရင်ခံစာ (Economic Survey Resort)၊ အမျိုးသမီးနှင့် ကလေးများစောင့်ရှောက်ရေးစာအုပ် (Children and Women Profile)၊ ဖွားသေစာရင်းအင်းစာစောင် (Vital Report)၊ လစဉ်စာရင်းအင်းအခြေပြစာအုပ် (Slected Monthly Economic Indicator) အစရှိသည့်စာရင်းအင်း စာအုပ်များကို ထုတ်ဝေခဲ့ပါသည်။
      ၁၉၈၆ခုနှစ်မှ စတင်၍ ဗဟိုစာရင်း အင်းအဖွဲ့(Central Statistical Organization)အမည်သို့ ပြောင်းလဲ ခဲ့ပါသည်။ ရန်ကုန်မြို့၊ကမ်းနားလမ်း၊ ခြောက်ထပ်ရုံးတွင် ရုံးဖွင့်လှစ်ထားရှိပါသည်။ ၂၀၀၆ခုနှစ်တွင် နေပြည်တော် ရုံးအမှတ်(၃၂)သို့ ပြောင်းရွှေ့ခဲ့ပါသည်။ ၂၀၁၂ခုနှစ် ဒီဇင်ဘာလမှစတင်၍ ဝန်ထမ်းဖွဲ့စည်းပုံကို ပြောင်းလဲ ပြင်ဆင်ခဲ့ပြီး ပြည်နယ်/တိုင်း ဒေသကြီးများနှင့် ခရိုင်အချို့တို့တွင် ဗဟိုစာရင်းအင်း အဖွဲ့ရုံးခွဲများကို စတင်ဖွင့်လှစ် ခဲ့ပါသည်။ ၂၀၁၅ခုနှစ်တွင် အခြားဌာနမှ ဌာနကူးပြောင်းလိုသူများကို ခေါ်ယူစုစည်းပြီး ခရိုင်နှင့် မြို့နယ်များအထိ ဗဟိုစာရင်းအင်းအဖွဲ့ရုံးများကို တိုးချဲ့ဖွင့်လှစ် နိုင်ခဲ့ပါသည်။

 

Office Address and Location Map: 
တနင်္သာရီတိုင်းဒေသကြီး ဗဟိုစာရင်းအင်းအဖွဲ့ရုံး
တိုင်းဒေသကြီး စီမံကိန်းရေးဆွဲရေးဦးစီးဌာန
ကမ်းနားလမ်း၊ထားဝယ်မြို့
ဖုံး-၀၅၉-၂၃၉၀၆
ထားဝယ်ခရိုင် ဗဟိုစာရင်းအင်းအဖွဲ့ရုံး
ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာန
ဆန်းချီရပ်၊ထားဝယ်မြို့
ဖုံး-၀၅၉-၂၂၃၆၃
မြိတ်ခရိုင်ဗဟိုစာရင်းအင်းအဖွဲ့ရုံး
ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာန
သိမ်တော်ကြီးဘုရားလမ်း၊ဆိပ်ငယ်ရပ်၊မြိတ်မြို့
ဖုံး-၀၅၉-၄၁၀၉၈
ကော့သောင်းခရိုင်ဗဟိုစာရင်းအင်းအဖွဲ့ရုံး
ခရို်င်စီမံကိန်းရေးဆွဲရေးဦးစီးဌာန
ဗိုဆွန်ပက်လမ်း၊ ပိတောက်ရွှေဝါရပ်ကွက်၊   ကော့သောင်းမြို့
ဖုံး-၀၅၉-၅၂၀၂၅
ထားဝယ်မြို့နယ်ဗဟိုစာရင်းအင်းအဖွဲ့ရုံး
မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန
ဆန်းချီရပ်၊ထားဝယ်မြို့
ဖုံး-၀၅၉-၂၂၃၆၄
မြိတ်မြို့နယ်ဗဟိုစာရင်းအင်းအဖွဲ့ရုံး
မြိတ်မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန
သိမ်တော်ကြီးဘုရားလမ်း၊ဆိပ်ငယ်ရပ်၊မြိတ်မြို့
ဖုံး-၀၅၉-၄၁၀၉၈
ကော့သောင်းမြို့နယ်ဗဟိုစာရင်းအင်းအဖွဲ့ရုံး
မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန
ဗိုဆွန်ပက်လမ်း၊ပိတောက်ရွှေဝါရပ်ကွက်၊ကော့သောင်းမြို့
ဖုံး-၀၅၉-၅၂၀၂၄