Follow Us

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန

Thu, 09/08/2016 - 12:08

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနဦးစီးဌာနစတင် ဖြစ်ပေါ်လာပုံနှင့် နောက်ခံသမိုင်း
    ၁၉၈၈ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေပြဌာန်းခဲ့ပြီး ၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်ခဲ့ပါသည်။ ၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး ၁၉၉၀ ဇွန်လတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း (၄၃)ဦးတို့အား ကော်မရှင်ရုံးသို့ ပြောင်းရွှေ့တာဝန်ချထားခဲ့ပါသည်။
    ၁၉၉၃ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွန်ကြားမှု ဦးစီးဌာနကို အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနအောက်တွင် စတင်ဖွဲ့ စည်းခဲ့ပါသည်။ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ပြည်ထောင်စု အစိုးရအဖွဲ့၏ ခွင့်ပြုချက် ဖြင့် ဌာနဖွဲ့စည်းပုံ အရာထမ်း (၁၃၇)ဦး၊ အမှုထမ်း (၂၁၃)ဦး၊ စုစုပေါင်း (၃၅၀)ဦးဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။

    ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွန်ကြားမှု ဦးစီးဌာနတွင် အောက်ဖော်ပြပါအတိုင်း ဌာနခွဲ (၇) ခုဖြင့် လုပ်ငန်းတာဝန်များ ဆောင်ရွက်ခဲ့ပါသည်။
(၁) နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဌာန
(၂) မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဌာန
(၃) ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးဌာန
(၄) အထူးစီးပွားရေးဇုန်ဌာန
(၅) ဥပဒေရေးရာဌာန
(၆) ကုမ္ပဏီများည္ဂန်ကြားမှုဌာန
(၇) စီမံခန့်ခွဲရေးနှင့် ငွေစာရင်းဌာန

Office Address and Location Map: 

တနင်္သာရီတိုင်းဒေသကြီးရုံး
အမှတ် (၅၄၂)၊ ဆေးရုံလမ်း၊
မြောက်ရွာရပ်၊ ထားဝယ်မြို့။
ဖုန်း - ၀၅၉-၂၂၂၃၀
Fax  - ၀၅၉-၂၂၂၃၃
Email - dicatanintharyi@gmail.com