Follow Us

ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန

Thu, 09/08/2016 - 12:07

ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနစတင်ပေါ်ပေါက်လာပုံနှင့်နောက်ခံသမိုင်း
    ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနသည် နိုင်ငံတော်၏ဝင်ငွေများ တိုးတက်ရရှိရေးနှင့် ထိုဝင်ငွေများကို စနစ်တကျ ထိန်းသိမ်းနိုင်ရေး၊ သုံးစွဲသည့်အသုံးစရိတ်များ အလေအလွင့် မရှိရေး၊ နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက်အသုံးစရိတ်များ၊ပြည်သူများအတွွက် ထိရောက်သောအသုံးစရိတ်များ ဖြစ်စေရေးအတွက် ဘဏ္ဍာရေးစည်းမျဉ်းများ၊ ဝန်ထမ်း စည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများချမှတ်၍ ဘဏ္ဍာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုကို ခံယူ၍ ဆောင်ရွက်ပေးလျက် ရှိပါသည်။ ၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၅) အုပ်ချုပ်ရေးကဏ္ဍ သတ်မှတ်ပြဌာန်းချက်အရ ပြည်ထောင်စု အစိုးရအဖွဲ့၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများ ပေါ်ပေါက်လာမည်ဖြစ်၍ တိုင်းဒေသကြီး/ပြည်နယ် အစိုးရများ၏ နှစ်စဉ်ရသုံးခန့်မှန်းခြေငွေစာရင်း ရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ခြင်း ကိစ္စရပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများ၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်း၊ နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်းများ ရေးဆွဲတင်ပြခြင်း၊ ဘဏ္ဍာရန်ပုံငွေစာရင်း ပေါင်းချုပ် ပြုစုခြင်း ၊နှစ်ပတ်လည်ဘဏ္ဍာရန်ပုံငွေစာရင်း ရေးဆွဲတင်ပြခြင်း၊ ဘဏ္ဍာရေးစည်းမျဉ်း၊ ဝန်ထမ်းစည်းမျဉ်းကိစ္စရပ်များ ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီး / ပြည်နယ် ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနရုံး(၁၄)ရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရုံး(၁)ရုံးနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသရုံး(၅)ရုံးကို ၂၀၁၀ ပြည့်နှစ်၊ သြဂုတ်လတွင် တိုးချဲ့ဖွဲ့စည်းခဲ့ပါသည်။ တနင်္သာရီ တိုင်းဒေသကြီးရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနကို ၁၈-၈-၂၀၁၀ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။

Office Address and Location Map: 

ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန
ကံ့ကော်လမ်း၊ ဆန်းချီရပ်၊
ထားဝယ်မြို့။ 
ဖုန်း - 059 23534
       059 23904
       059 23731