Follow Us

အကောက်ခွန်ဦးစီးဌာန

Thu, 09/08/2016 - 12:06

အကောက်ခွန်ဦးစီးဌာနစတင်ပေါ်ပေါက်လာပုံနှင့် နောက်ခံသမိုင်း
   တနင်္သာရိတိုင်းဒေသကြီးအကောက်ခွန်ဦးစီးမှူးရုံးအား မြိတ်မြို့မှ ၁၉-၁-၁၀၁၁ ရက်နေ့တွင် ထားဝယ်မြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံးသို့ ပြောင်းရွေ့ဖွင့်လှစ်ခဲ့ပါသည်။ မြိတ်၊ ထားဝယ်၊ ကော့သောင်းမြို့များတွင် မြို့နယ်အကောက်ခွန်ဦးစီးဌာနမှူးရုံးများဖွင့်လှစ်ကာ ပြည်တွင်းပြည်ပ ကုန်သွယ်မှုလုပ်ငန်းများကို တစ်နေရာတည်း၊ တစ်ချိန်တည်းတွင်မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာမြို့နယ် အကောက်ခွန် ဦးစီးဌာနများသည် ထားဝယ်မြို့၊ မြိတ်မြို့၊ ကော့သောင်းမြို့တို့၌ One Stop Service (OSS)အဖွဲ့တွင် သက်ဆိုင်ရာဌာနများနှင့်စုဖွဲ့ ဆောင်ရွက်လျက်ရှိပါသည်။ ပြည်တွင်းကမ်းရိုးတန်း ကုန်သွယ်မှု လုပ်ငန်းများ တွင်လည်း မြို့နယ်ရုံးများမှ လုပ်ထုံးလုပ်နည်းနှင့် အညီ စနစ်တကျကြပ်မတ်ဆောင်ရွက်လျက်ရှိပါသည်။
    အကောက်ခွန်ဦးစီးဌာနအနေဖြင့် လက်ရှိဖွဲ့စည်းပုံအရ နေပြည်တော်နယ်မြေအပါအဝင် ပြည်နယ်/တိုင်းဒေသ ကြီး (၁၅) ခု၊ နယ်မြေပိုင်းခြားသတ်မှတ်၍ မြို့နယ်ရုံး (၂၆) ရုံး၊ OSS (၁၄) ရုံး၊ တို့ဖြင့် ဖွဲ့စည်းတာဝန်ထမ်း ဆောင်လျက်ရှိပြီး နယ်ရုံးများကြီးကြပ်ရေးဌာနခွဲ၏ (ရုံးချုပ်) မှ တိုက်ရိုက်ကြပ်မတ် ကွပ်ကဲလျက် လစာနှင့်အသုံးစရိတ်များကို ပြည်ထောင်စု ဘတ်ဂျတ်မှ ခွဲဝေသုံးစွဲလျက်ရှိပါသည်။
    တနင်္သာရီတိုင်းဒေသကြီးအကောက်ခွန်ဦးစီးဌာနကွပ်ကဲမှု အောက်တွင် ထားဝယ်၊ မြိတ်၊ ကော့သောင်း၊ မြို့နယ် (၃) ရုံးနှင့် ထီးခီး၊ မောတောင်၊ ကော့သောင်း OSS စခန်း (၃) ခု ဖွင့်လှစ်လျက်ပြည်တွင်းပြည်ပ ကုန်သွယ်မှု လုပ်ငန်း များအား အကောက်ခွန်ဦးစီးဌာနမှ သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ လုပ်ငန်းတာဝန်များကို ထမ်း ဆောင်လျက်ရှိပါသည်။

Office Address and Location Map: 

တိုင်းဒေသကြီးအကောက်ခွန်ဦးစီးဌာနမှူးရုံး
ထားဝယ်မြို့။
ဖုန်း - ၀၅၉-၂၃၄၈၈

မြို့နယ်အကောက်ခွန်ဦးစီးဌာနမှူးရုံး
ထားဝယ်မြို့။
ဖုန်း - ၀၅၉-၂၁၂၃၆

မြို့နယ်အကောက်ခွန်ဦးစီးဌာနမှူးရုံး
မြိတ်မြို့။
ဖုန်း - ၀၅၉-၄၁၀၀၂
မြို့နယ်အကောက်ခွန်ဦးစီးဌာနမှူးရုံး
ကော့သောင်းမြို့။
ဖုန်း - ၀၅၉-၅၁၀၀၅