Follow Us

ပြည်တွင်းအခွန်များဦးစီးဌာန

Thu, 09/08/2016 - 12:06

ပြည်တွင်းအခွန်များဦးစီးဌာန စတင်ပေါ်ပေါက်လာပုံနှင့် နောက်ခံသမိုင်း 
     တော်လှန်ရေးကောင်စီ လက်ထက်တွင် မြန်မာနိုင်ငံ၏ ကိုလိုနီစနစ်ဆန်သော အုပ်ချုပ်ရေး ယန္တရားကို အသစ်ပြန်လည် ဖွဲ့စည်းရန် စီမံကိန်းနှင့် ဘဏ္ဍာ ဝန်ကြီး ဌာန၏ လက်အောက်တွင် တသီးတခြားစီ ရပ်တည် ဆောင်ရွက်ခဲ့ကြသော အခွန်ဌာနများဖြစ်သည့် အမြတ်ခွန်ဌာနခွဲ၊ ကုန်သွယ်လုပ်ငန်းခွန်ဌာနခွဲ၊ တံဆိပ်ခေါင်း ခွန်ဌာနခွဲ၊ အောင်ဘာလေသိန်းဆုဌာနခွဲ၊ ဆားခွန်ဌာနခွဲ၊ ယစ်မျိုးခွန်ဌာနခွဲ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ အခွန်ဌာနနှင့် ဘဏ္ဍာတော် မင်းကြီးရုံးတို့ကို တစ်စုတစ် စည်းတည်း ပေါင်းစည်း၍ ပြည်တွင်းအခွန်များ ဦးစီးဌာနကို ၁-၁၀-၁၉၇၂ ခုနှစ် နေ့တွင် စတင်ဖွဲ့စည်း ဆောင်ရွက်ခဲ့ခြင်းမှသည်   ပြည်တွင်းအခွန်များဦးစီးဌာနဟူ၍ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ပါသည်။၁၉၇၂-၁၉၇၃ ဘဏ္ဍာနှစ်မှ ၁၉၇၅-၁၉၇၆ ဘဏ္ဍာနှစ်အထိ အခွန်အကောက် (၉) မျိုး- ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ ယစ်မျိုးခွန်၊ နိုင်ငံအတွင်း အကောက်ခွန်များ၊ အောင်ဘာလေသိန်းဆုခွန်၊ တံဆိပ်ခေါင်းခွန်၊ မြေခွန်အရပ်ရပ်၊ အင်းအိုင်ခွန်၊ ဓာတ်သတ္ထုပစ္စည်းထုတ် ယူသည့် အတွက် အခွန်တို့ကို တာဝန် ယူကောက်ခံခဲ့ပါသည်။ ၁၉၇၆-၇၇ ဘဏ္ဍာနှစ်မှ ၁၉၈၈-၈၉ ဘဏ္ဍာနှစ်အထိ အခွန် (၁၀) မျိုး- ဝင်ငွေခွန်၊ ကုန်စည်နှင့် ဝန်ဆောင်မှုခွန်၊ အမြတ်ခွန်၊ တံဆိပ်ခေါင်းခွန်၊ အောင်ဘာလေသိန်းဆုခွန်၊ မြေခွန်၊ရေခွန်နှင့်တာတမံခွန်၊ ယစ်မျိုးခွန်၊ ဓာတ်သတ္ထုခွန်၊ အင်းအိုင်ခွန်တို့ကို တာဝန်ယူကောက်ခံခဲ့ပါသည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အစိုးရလက်ထက်တွင် ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ယူ ကောက်ခံလျက်ရှိသော အခွန် အမျိုးအစား (၁၀) မျိုးအနက် (၅) မျိုးကို ၁၉၈၉ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ လုပ်ငန်းသဘာဝအရ ပိုမိုဆက်စပ်သည့်ဌာနများသို့ လွှဲပြောင်းပေးခဲ့ပါသည်။ ပြည်ထောင်စု အစိုးရသစ် လက်ထက်တွင် ဆိုရှယ်လစ် စီးပွားရေးစနစ်နှင့် ကိုက်ညီစေရန် ပြဌာန်းခဲ့သော အမြတ်ခွန်ဥပဒေကို ၂၀၁၁ ခုနှစ်၊ ပြည်ထောင်စု လွှတ်တော် ဥပဒေ အမှတ် (၁) ဖြင့် ရုတ်သိမ်းခဲ့ပါသည်။ ပြည်တွင်းအခွန်များ ဦးစီးဌာနသည် ၂၀၁၁- ၂၀၁၂ ဘဏ္ဍာနှစ်မှစ၍ အခွန် (၄) မျိုး - ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ တံဆိပ်ခေါင်း ခွန်၊ အောင်ဘာလေသိန်းဆုခွန်တို့ကို ကောက်ခံလျက်ရှိပါသည်။

 

Office Address and Location Map: 
တနင်္သာရီတိုင်းဒေသကြီးရုံး
အကွက်(၂၄)ဆိပ်ကမ်းသာလမ်း၊ ဆန်းချီရပ်
ဖုန်း- ၀၅၉-၂၃၅၈၀
        ၀၅၉-၂၃၅၈၁
ထားဝယ်မြို့နယ်ရုံး
အကွက်(၂၄)ဆိပ်ကမ်းသာလမ်း၊ ဆန်းချီရပ်
ဖုန်း- ၀၅၉-၂၁၀၉၃
       ၀၅၉-၂၁၇၀၉
လောင်းလုံမြို့နယ်
မြို့နယ်ထွေ/အုပ်စုပေါင်းရုံး
ဖုန်း- ၀၅၉-၃၃၁၂၁
ရေဖြူမြို့နယ်
မြို့နယ်ထွေ/အုပ်စုပေါင်းရုံး
ဖုန်း- ၀၅၉-၃၇၀၂၃

သရက်ချောင်းမြို့နယ်ရုံး၊
မြသီတာလမ်း၊ မြို့မရပ်ကွက်
ဖုန်း- ၀၅၉-၃၅၁၉၅

မြိတ်မြို့နယ် ရုံးလမ်း၊ဆိပ်ငယ်ရပ်
ဖုန်း
- ၀၅၉-၄၁၀၄၈
ကျွန်းစုမြို့နယ်ရုံး
ဦးအောင်ဇေယျလမ်း၊ အမှတ်(၂)ရပ်ကွက်
ဖုန်း-  ၀၅၉-၆၂၀၂၅
ပုလောမြို့နယ်ရုံး၊
ခရေပင်လမ်း၊အမှတ်(၂)ရပ်ကွက်၊
ဖုန်း- ၀၅၉-၃၀၁၀၀
တနင်္သာရီမြို့နယ်၊
မြို့နယ်ထွေ/အုပ်စုပေါင်းရုံး
ဖုန်း- ၀၅၉-၅၅၀၃၀

ကော့သောင်းမြို့နယ်ရုံး
စုပေါင်းရုံးလမ်း၊ အဏ္ဏာဝါရပ်ကွက်
ဖုန်း - ၀၅၉-၅၁၀၆၃

ဘုတ်ပြင်းမြို့နယ်ရုံး
ပုလဲရတနာ(၁)လမ်း၊ အောင်မင်္ဂလာရပ်ကွက်၊
ဖုန်း- ၀၅၉-၅၀၀၁၀