Follow Us

မြန်မာ့စီးပွားရေးဘဏ်

Thu, 09/08/2016 - 12:05

မြန်မာ့စီးပွားရေးဘဏ်စတင်ပေါ်ပေါက်လာပုံနှင့်နောက်ခံသမိုင်း
    မြန်မာ့စီးပွားရေးဘဏ်သည် ၁၉၅၄ခုနှစ်တွင် တည်ထောင်ခဲ့သည့် နိုင်ငံတော်ကူးသန်းရောင်းဝယ်ရေး ဘဏ်မှ ဆင်းသက်လာပြီး ၁၉၇၆ခုနှစ်၊ဧပြီလ(၂)ရက်နေ့တွင်စတင်တည်ထောင်ခဲ့ပါသည်။ နိုင်ငံတော်ကူးသန်းရောင်းဝယ်ရေးဘဏ် ဥပဒေအရ ပြည်သူအားလုံး၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်စေရန်အလို့ငှာ နိုင်ငံတော်ကူးသန်းရောင်းဝယ်ရေးဘဏ်ကို ၁၉၅၄ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါ သည်။ စတင်တည်ထောင်ခဲ့စဉ်မှစ၍ နိုင်ငံတော်ကူးသန်းရောင်းဝယ်ရေးဘဏ်သည် ၄င်း၏ ဝန်ဆောင်မှုကဏ္ဍအပြင် ဘဏ်ခွဲများကိုလည်း နိုင်ငံတစ်ဝှမ်း တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးချဲ့ လာနိုင်ခဲ့ရာ ၁၉၆၂ခုနှစ်တွင် ဘဏ်ခွဲပေါင်း(၄၀)အထိတိုးချဲ့လာနိုင်ခဲ့သည်။
    ၁၉၆၂ခုနှစ်တွင် မြန်မာနိုင်ငံသည်ဆိုရှယ်လစ်စနစ်သို့ပြောင်းလဲခဲ့ပြီး ၁၉၆၃ခုနှစ်တွင် တည်ဆဲဘဏ်များမှာ ပြည်သူပိုင် ပြုလုပ်ခဲ့သည်။ ၁၉၆ရခုနှစ်အထိ ပြည်ထောင်စုမြန်မာနိုင်ငံပြည်သူ့ဘဏ် အက်ဥပဒေနှင့်လျော်ညီစေရန် နိုင်ငံပိုင်ဘဏ်များ အားလုံးအား ပြည်ထောင်စုမြန်မာနိုင်ငံ ပြည်သူ့ဘဏ်ဟုခေါ်တွင်သည့် တစ်ခုတည်းသောဘဏ်အဖြစ်သို့ ပေါင်းစည်းစေခဲ့ပါသည်။
၃။
    သို့ရာတွင် နိုင်ငံတော်အတွက်တစ်ခုတည်းသော ဘဏ်လုပ်ငန်းစနစ်ဖြင့် အပြည့်အဝအကောင်အထည်ဖော် ဆောင်ရွက် နိုင်ခြင်းမရှိကြောင်း သတိပြုမိလာခဲ့သဖြင့် ၁၉၇၅ခုနှစ် ဘဏ် အက်ဥပဒေအရ ပြည်သူ့ဘဏ်အား ပြည်ထောင်စု မြန်မာနိုင်ငံတော်ဘဏ် (UBB)၊ မြန်မာ့ စီးပွားရေးဘဏ် (MEB) ၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)နှင့် မြန်မာ့စိုက်ပျိုးရေးဘဏ် (MAB) ဟူသည့် နိုင်ငံတော်ပိုင်ဘဏ်(၄) ဘဏ်အား ၁၉၇၆ခုနှစ်၊ဧပြီလ (၂)ရက်နေ့မှစ၍ ပြန်လည် ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။
    မြန်မာ့စီးပွားရေးဘဏ်အဖြစ် ပြောင်းလဲဖွဲ့စည်းတည်ထောင်ခဲ့စဉ်မှစ၍ ပြည်တွင်းဘဏ် လုပ်ငန်းဝန်ဆောင်မှုများကိုသာ ဆောင်ရွက်ပေးနိုင်ခဲ့ရာမှ မြန်မာနိုင်ငံသည် ၁၉၈၈ခုနှစ်တွင် စျေးကွက်စီးပွားရေးစနစ်သို့ ကူးပြောင်းခဲ့ပြီး စျေးကွက်စီးပွားရေး စနစ်နှင့် လိုက်လျောညီထွေဖြစ်စေ ရေးအတွက် ငွေရေးကြေးရေးကဏ္ဍသို့ ပြန်လည်တည်ဆောက်နို်င်ရန် ၁၉၉ဝခုနှစ်တွင် မြန်မာနိုင်ငံ တော်ဗဟိုဘဏ်ဥပဒေနှင့် မြန်မာနိုင်ငံငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေကို ပြဌာန်းခဲ့ရာ ထိုဥပဒေများက မြန်မာ့စီးပွားရေးဘဏ်အား တည်ဆဲနိုင်ငံပိုင်ကူးသန်းရောင်းဝယ်ရေးဘဏ်အဖြစ် သတ်မှတ်ခဲ့ပါသည်။
    မြန်မာနိုင်ငံငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေက နိုင်ငံအတွင်းရှိ ဘဏ်များအားလုံးကို ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ပိုမိုလုပ်ဆောင်လာနိုင်စေရန် ခွင့်ပြုပေးခဲ့ရာ မြန်မာ့စီးပွားရေးဘဏ် သည် ယခုအခါနိုင်ငံတစ်ဝှမ်းလုံးတွင် ဘဏ်ခွဲပေါင်း (၃၄၀) ကျော်ဖြင့် ပြည်တွင်းဘဏ်လုပ်ငန်း ဝန်ဆောင်မှုများသာမက နိုင်ငံခြားဘဏ်လုပ်ငန်းဝန်ဆောင်မှုများကိုပါ ဆောင်ရွက် ပေးလျက်ရှိပါ သည်။

Office Address and Location Map: 
တိုင်းဒေသကြီးရုံး
ပိတောက်လမ်းသွယ်၊ ကမ်းနားလမ်း၊
ဆန်းချီကွက်သစ်၊ ထားဝယ်မြို့
ဖုန်း - ၀၅၉-၂၃၅၉၀
ထားဝယ်ခရိုင်ဘဏ်ခွဲ
အာဇာနည်လမ်း၊ မြောက်ရွာရပ်၊
ထားဝယ်မြို့
ဖုန်း - ၀၅၉-၂၁၇၂၁
မြိတ်ခရိုင်ဘဏ်ခွဲ
ဗဟိုလမ်းမကြီးနှင့် ကန်ဖျားလမ်းမကြီးထောင့်၊
ကန်ဖျားရပ်၊ မြိတ်မြို့
ဖုန်း - ၀၅၉-၄၂၁၇၄
ကော့သောင်းခရိုင်ဘဏ်ခွဲ
ကမ်းနားလမ်း၊ အဏ္ဏဝါရပ်ကွက်၊
ကော့သောင်းမြို့
ဖုန်း - ၀၅၉-၅၁၀၁၆
ရေဖြူမြို့နယ်ဘဏ်ခွဲ
ဆေးရုံလမ်း၊ (ခ)ရပ်ကွက်၊
ရေဖြူမြို့
ဖုန်း - ၀၅၉-၃၇၀၀၉
လောင်းလုံးမြို့နယ်ဘဏ်ခွဲ
အောင်ဆန်းလမ်း၊ (ခ)ရပ်ကွက်၊
လောင်းလုံးမြို့
ဖုန်း - ၀၅၉-၃၃၀၀၇
သရက်ချောင်းမြို့နယ်ဘဏ်ခွဲ
တပ်နယ်လမ်း၊ မြို့မရပ်ကွက်၊
သရက်ချောင်းမြို့
ဖုန်း - ၀၅၉ - ၃၅၀၂၁
ပုလောမြို့နယ်ဘဏ်ခွဲ
အမှတ်(၂)ရပ်ကွက်၊ အားကာတိုးချဲ့လမ်း၊
ပုလောမြို့
ဖုန်း - ၀၅၉-၃၀၁၂၁
ကျွန်းစုမြို့နယ်ဘဏ်ခွဲ
ဗိုလ်ချုပ်လမ်း၊ အမှတ်(၂)ရပ်ကွက်၊
ကျွန်းစုမြို့
ဖုန်း - ၀၅၉ - ၆၂၀၂၀
တနင်္သာရီမြို့နယ်ဘဏ်ခွဲ
ကမ်းနားလမ်း၊ ချောင်းကြီးရပ်၊
တနင်္သာရီမြို့
ဖုန်း - ၀၅၉ - ၅၅၀၀၃
ဘုတ်ပြင်းမြို့နယ်ဘဏ်ခွဲ
အဓိပတိလမ်းနှင့် ရုံးလမ်းထောင့်၊
ရွှေဘုံသာရပ်ကွက်၊ ဘုတ်ပြင်းမြို့
ဖုန်း - ၀၅၉-၅၀၀၀၄