Follow Us

ပင်စင်ဦးစီးဌာန

Thu, 09/08/2016 - 12:04

ပင်စင်ဦးစီးဌာနနှင့်နောက်ခံသမိုင်း
   ပင်စင်ဦးစီးဌာနသည် ယခင်မြန်မာနိုင်ငံတော် ငွေစာရင်းမင်းကြီးရုံး၏ ဌာနခွဲတစ်ခုသာဖြစ်ခဲ့ပြီး၊ ဝန်ထမ်အင်အား(၇၅)ဦးဖြင့် ဦးစီးဌာနဝန်ထမ်းများအတွက် ပင်စင်ကိစ္စများကို ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် စနစ်သစ်အုပ်ချုပ်ရေး ဖော်ထုတ်မှုအစီအစဉ်အရ(၁-၁၂-၁၉၇၂)နေ့မှစ၍ မြန်မာနိုင်ငံစာရင်းစစ်ချုပ်ရုံး၏ (၂၇-၁၁-၁၉၇၂)နေ့စွဲပါစာအမှတ်၊စီမံရေးရာ(ထွေ)/၄၂၄အရ မြန်မာနိုင်ငံငွေစာရင်းမင်းကြီးရုံး၏ ပင်စင်ဌာနစိတ်၊ ကူးသန်းရောင်းဝယ် စာရင်းစစ်ညွှန်ကြားရေးဝန်၏ ဘုတ်၊ ကော်ပိုရေးရှင်း၊ ဝန်ထမ်းများ၏ ပင်စင်ဌာနစိတ်၊ ဆက်သွယ်ရေးစာတိုက်၊ ကြေးနန်းဆက်သွယ်ရေးစာရင်းရုံးမှ ပင်စင်ဌာနစိတ်နှင့် ဒေသန္တရအဖွဲ့အစည်းများမှ ဝန်ထမ်းမျာ၏ ပင်စင်ကိစ္စအဝဝကို တာဝန်ယူ ဆောင်ရွက်ခဲ့ပါသည်။ ပင်စင်စာရင်းစစ်ချုပ်ရုံးအဖြစ်ရှိနေစဉ် ဗဟိုစာရင်းအင်းရုံး နှင့်အတူ ပူးတွဲထားရှိခြင်းဖြစ်ပြီး၊ ပင်စင်စာရင်းစစ်ရုံးမှ ဝန်ထမ်းအချို့သည် ဗဟိုစာရင်းရုံးသို့ ရွှေ့ပြောင်းတာဝန်ထမ်းဆောင်ရာတွင် ပါဝင်သွားသော ကြောင့် (၃၁-၃-၁၉၇၄)နေ့တွင် ဝန်ထမ်းအင်အား(၈၃)ဦးသာ ကျန်ခဲ့ပါသည်။
   စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏(၂၀-၃-၁၉၇၄)နေ့စွဲပါစာအမှတ်၊စဘ-၁/၁/၁၂၇(၇၄)အရ (၁-၄-၁၉၇၄)နေ့မှစ၍ ပင်စင်စာရင်းစစ်ရုံးကို လက်ရှိဝန်ထမ်းအင်အား(၈၃)ဦးနှင့်အတူ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်သို့ လွှဲပြောင်းယူပြီး၊ ယာယီအစီအစဉ်အနေဖြင့် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနနှင့်တွဲဘက်၍ထားခဲ့ပါသည်။ ၁၉၆၇ ခုနှစ်၊ ဇန်နဝါရီလ(၁၆)ရက်နေ့တွင်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏(၁၅-၁-၁၉၇၆)  ရက်စွဲပါစာအမှတ်၊စဘ-၁/၁/၉၆ (၇၅/၇၆)အရယာယီဖွဲ့စည်းပုံ ဝန်ထမ်းအင်အား(၂၀၀)ဦးဖြင့် ပင်စင်ဦးစီးဌာနကို တည်ထောင်ခွင့်ပြုခဲ့ပါသည်။
   ယာယီဖွဲ့စည်းပုံဝန်ထမ်းအင်အား(၂၀၀)ဖြင့် ပင်စင်ဦးစီးဌာနအဖြစ် (၁၆-၁-၁၉၇၆) နေ့မှစ၍ တာဝန်ထမ်းဆောင်နေရာမှ လုပ်ငန်းပမာဏသည် နှစ်စဉ်တိုးတက်လာပြီး မြန်မာ့စီးပွားရေးဘဏ်ခွဲများနှင့် ရန်ကုန်တိုင်းအတွင်း ငွေစာရင်းရုံး(ကာကွယ်ရေး)၌ တိုက်ရိုက်ထုတ်ယူလျက်ရှိသော ကာကွယ်ရေးပင်စင်အသုံးစရိတ်များပါ တာဝန်ယူဆောင်ရွက်လာရသည်ဖြစ်၍ လုပ်ငန်းပမာဏနှင့်ဝန်ထမ်းအင်အား မျှတမှုရှိစေမည့် တိုးချဲ့ဖွဲ့စည်းပုံအင်အား(၃၇၂)ဦးဖြင့် ဖွဲ့စည်းခွင့်ပြုရန် တင်ပြခဲ့ရာ ၁၉၉၀ ပြည့်နှစ်၊ ဖေဖေါ်ဝါရီလ(၇)ရက်နေ့တွင် တိုးချဲ့ဖွဲ့စည်းအင်အား (၃၇၂)ဦးဖြင့် ဖွဲ့စည်းခွင့် ရရှိခဲ့ပါသည်။
   အမှုထမ်းများ၏ ပင်စင်အမှုတွဲများအား မြို့နယ်ရုံးများတွင် ပြင်ဆင်ပြီး ပြည်နယ်/တိုင်းအဆင့် ဌာနဆိုင်ရာ အကြီးအကဲများမှတဆင့် ပင်စင်ဦးစီးဌာနသို့ ပေးပိုရာတွင် ခရီးလမ်းပန်းဆက်သွယ်မှုကိုလိုက်၍ ရက်သတ္တတစ်ပတ်မှ ရက်သတ္တသုံးလေးပတ်အထိ ကြန့်ကြာကြောင်း တွေ့ရှိရပါသည်။ အမှုတွဲများ မပြည့်စုံ၍        လိုအပ်ချက်များ ပြန်တောင်းရာတွင် ယခုနည်းတူ ကြန့်ကြာတတ်ပါသည်။ အချိန်ကြန့်ကြာသည်နှင့်အမျှ နိုင်ငံ့ဝန်ထမ်းပင်စင်စားများ အကျိုးခံစားခွင့်များကို     မြန်မြန်ခံစားခွင့် မရရှိဘဲ အခက်အခဲများနှင့် ကြုံတွေ့နေရမည် ဖြစ်ပါသည်။ထိုအခက်အခဲများ မရှိစေရေးအတွက် ပြည်နယ်/တိုင်းများတွင် ပင်စင်ဦးစီးဌာနရုံးခွဲများ ဖွင့်လှစ်နိုင်ရန် တိုးချဲ့ဖွဲ့စည်းပုံအင်အား(၆၃၅)ဦးဖြင့် ဖွဲ့စည်းခွင့်ပြုရန် တင်ပြခဲ့ရာ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့ရုံး၏(၅-၁၁-၂၀၀၅)ရက်စွဲပါစာအမှတ်၊၃၅/၂၀၀၅အဖရ ၂၀၀၅(၉၉)ဖြင့် (၅-၁၁-၂၀၀၅)ရက်နေ့တွင် တိုးချဲ့ဖွဲ့စည်းအင်အား(၆၃၅)ဦးဖြင့် ဖွဲ့စည်းခွင့် ရရှိခဲ့ပါသည်။

 

Office Address and Location Map: 
ပင်စင်ဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး၊
အမှတ်(၂၄)၊ ခရေလမ်း၊ ဆန်းချီရပ်၊ ထားဝယ်မြို့ 
ဖုန်း- ၀၅၉-၂၃၄၉၃