Follow Us

သောကြာပြင်ကျေးရွာ သောကြာပြင်ပန်းခြံ၌ သူရမချစ်ပို ရုပ်တုအုတ်မြစ်စီပန္နက်တင်မင်္ဂလာ အခမ်းအနား ကျင်းပ

Thu, 04/27/2017 - 17:09

လောင်းလုံး ဧပြီ ၂၇

    ၂၀၁၇ ခုနှစ်၊ ဧပြီလ ၂၇  ရက်နေ့၊ နံနက် ၈ နာရီ ၄၅ မိနစ်အချိန်တွင် လောင်းလုံးမြို့နယ် ကမြောကင်းကျေးရွာအုပ်စု သောကြာပြင်ကျေးရွာ သောကြာပြင်ပန်းခြံ၌ သူရမချစ်ပို ရုပ်တုအုတ်မြစ်စီပန္နက်တင် မင်္ဂလာအခမ်းအနားကျင်းပရာ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူနှင့် အနီးပတ်ဝန်းကျင်မှဒေသခံပြည်သူလူထုများ တက်ရောက်ပြီး ဆရာတော်သံဃာတော်များထံမှ ငါးပါးသီလခံယူဆောက်တည်၍ ပရိတ်တရား နာကြားပြီး အုတ်မြစ်စီမင်္ဂလာအခမ်းအနားကို နံနက် ၉ နာရီ မိနစ်၂ဝအချိန်တွင် အောင်မြင်စွာ ပြီးစီးခဲ့ပါသည်။