Follow Us

ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး(စတုတ္ထနေ့)ကျင်းပခြင်း

Fri, 03/31/2017 - 16:03

ထားဝယ်      မတ် ၃၁

    ဒုတိယအကြိမ်တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး(စတုတ္ထနေ့)အား တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ (၃၁.၃.၂၀၁၇) ရက်နေ့၊ (၁၀:၀၀)နာရီအချိန်တွင်စတင်ကျင်းပခဲ့ရာတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးနှင့်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်(၁၈)ဦး၊ တပ်မတော်သားတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(၆)ဦးနှင့် လေ့လာသူ သတင်းမီဒီယာ( ၉ )ဦး တို့တက်ရောက်ခဲ့ကြပြီး အခမ်းအနားမှူးအဖြစ် ဦးမြင့်ဝေ၊ ညွှန်ကြားရေးမှူး၊ လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူးက ဆောင်ရွက်ခဲ့ပါသည်။
    တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး နေရာယူပြီးနောက် အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်(၂၈)ဦး ရှိသည့်အနက်(၂၅)ဦး တက်ရောက်ခဲ့သဖြင့် စုစုပေါင်း(၈၉.၂၈) ရာခိုင်နှုန်းရှိပြီး တက်ရောက်သည့် ကိုယ်စားလှယ်ဦးရေသည် အစည်းအဝေးအထမြောက်ရန် လိုအပ်သော ကိုယ်စားလှယ်ဦးရေ(၃)ပုံ(၁)ပုံထက်ကျော်လွန်တဲ့အတွက် ဒုတိယအကြိမ်တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး(စတုတ္ထနေ့) အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
     အစည်းအဝေး၌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ (စတုတ္ထနေ့) အစည်းအဝေး တက်ရောက်မှုကိုမှတ်တမ်းတင်ခြင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ခွင့်ပြုထားသောကြယ်ပွင့်ပြထား သည့် မေးခွန်း(၇)ခုအား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခြင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့က တင် သွင်းထားသော တနင်္သာရီတိုင်းဒေသကြီး ယစ်မျိုးခွန်ဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း၍ ဥပဒေပြုရေးဆိုင်ရာ ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့်သဘောထားမှတ်ချက်ကို ဖတ်ကြားရှင်းလင်းခြင်း၊ကော်မတီ၏ပြင်ဆင်၊ ဖြည့်စွက်၊အကြံပြုတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးခြင်း၊ တနင်္သာရီတိုင်းဒေသကြီး ယစ်မျိုးခွန်ဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်တစ်ဦးက ဆွေးနွေးခြင်း၊ အတည်ပြုရန် အဆိုတင်သွင်းခြင်းနှင့် တိုင်းဒေသကြီးလွှတ်တော်၏ အဆုံး အဖြတ်ရယူခြင်းတို့ကိုဆောင်ရွက်ခဲ့ပါသည်။
    အစီအစဉ်အရ တိုင်းဒေသကြီးအစိုးရအဖွဲ့က တင်သွင်းထားသော တနင်္သာရီတိုင်းဒေသကြီး စည်ပင်သာယာရေးဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း၍ ဥပဒေပြုရေးဆိုင်ရာ ကော်မတီ၏ လေ့လာတွေ့ရှိချက် နှင့်သဘောထားမှတ်ချက်ကို ဖတ်ကြားရှင်းလင်းခြင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဆွေးနွေးခြင်း၊ အတည်ပြုရန် အဆိုတင်သွင်းခြင်းနှင့် တိုင်းဒေသကြီးလွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့က တင်သွင်းထားသော တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ် နယ်မြေဒေသအခြေအနေ အရပ်ရပ်နှင့် စပ်လျဉ်းသည့် တင်ပြချက် အစီရင်ခံစာကို တိုင်းဒေသကြီးလွှတ်တော်ကမှတ်တမ်းတင်ခြင်း၊ ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် အာမခံချက် များ၊ ကတိများ၊ တာဝန်ခံချက်များနှင့် တိုင်ကြားစာ၊ အသနားခံစာဆိုင်ရာ စိစစ်ရေးကော်မတီ၏ လေ့လာ တွေ့ရှိချက်များ၊သုံးသပ်ချက်များ၊အကြံပြုချက်များနှင့် စပ်လျဉ်းသည့်အစီရင်ခံစာကို တိုင်းဒေသကြီး လွှတ်တော်သို့တင်သွင်းခြင်းနှင့်တိုင်းဒေသကြီးလွှတ်တော်က မှတ်တမ်းတင်ခြင်း၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌက လွှတ်တော်ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်းသည့် အမှာစကားအား ပြောကြားခြင်းတို့ကိုဆောင်ရွက် ခဲ့ပြီး ဒုတိယအကြိမ်တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကို (၁၃:၁၀ ) နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။
    အစည်းအဝေး(စတုတ္ထနေ့)၌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေး တက်ရောက်မှုကို မှတ်တမ်းတင်ခြင်း၊ ကြယ်ပွင့်ပြမေးခွန်း(၇)ခုကို မေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ ဥပဒေကြမ်း(၂)ခုကို ဆွေးနွေးခြင်းနှင့် အတည်ပြုခြင်း၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ် နယ်မြေဒေသအခြေအနေ အရပ်ရပ်နှင့်စပ်လျဉ်းသည့် တင်ပြချက် အစီရင်ခံစာကို တိုင်းဒေသကြီးလွှတ်တော်က မှတ်တမ်းတင်ခြင်း၊ ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များနှင့် တိုင်ကြားစာ၊ အသနားခံစာဆိုင်ရာစိစစ်ရေး ကော်မတီ၏ အစီရင်ခံစာကို မှတ်တမ်းတင်ခြင်းနှင့် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌက အမှာစကားပြောကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် စတုတ္တပုံမှန်အစည်းအဝေးအောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါကြောင်း သတင်းရရှိပါသည်။