Follow Us

ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး(ဒုတိယနေ့) ကျင်းပခြင်း

Thu, 03/30/2017 - 15:01

ထားဝယ်      မတ် ၃၀

    ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး(ဒုတိယနေ့)အား တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ (၂၉.၃.၂၀၁၇) ရက်နေ့၊(၁၀:၀၀) နာရီ အချိန်တွင်စတင်ကျင်းပခဲ့ရာတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးနှင့်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်(၁၈)ဦး၊ တပ်မတော်သားတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(၆)ဦးနှင့် လေ့လာသူ သတင်းမီဒီယာ(၉)ဦးတို့ တက်ရောက်ခဲ့ကြပြီး အခမ်းအနားမှူးအဖြစ် ဦးမြင့်ဝေ၊ ညွှန်ကြားရေးမှူး၊ လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူးက ဆောင်ရွက်ခဲ့ပါသည်။
    တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး နေရာယူပြီးနောက် အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်(၂၈)ဦး ရှိသည့်အနက်(၂၄)ဦးတက်ရောက်ခဲ့သဖြင့် စုစုပေါင်း(၈၉.၂၈)ရာခိုင်နှုန်းရှိပြီး တက်ရောက်သည့် ကိုယ်စားလှယ်ဦးရေသည် အစည်းအဝေး အထ မြောက်ရန် လိုအပ်သော ကိုယ်စားလှယ်ဦးရေ (၃) ပုံ (၁)ပုံ ထက်ကျော်လွန်တဲ့အတွက် ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (ဒုတိယနေ့) အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
     အစည်းအဝေး၌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ (ဒုတိယနေ့) အစည်းအဝေး တက်ရောက်မှုကိုမှတ်တမ်းတင်ခြင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ခွင့်ပြုထားသောကြယ်ပွင့်ပြထား သည့် မေးခွန်း(၇)ခုအား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခြင်း၊ ပုလောမဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်း(ခ)ဦးဖိုးမင်းတင်သွင်းထားသော“တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိကျေးလက်ဒေသများတွင်လူနေမှုဘဝမြှင့်တင်လာရေး၊စားနပ်ရိက္ခာဖူလုံစေရေးနှင့်ပို့ကုန် မြှင့်တင်နိုင်ရေးအတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍတို့အားပိုမိုမြှင့််တင်နိုင်ရန် အစီအမံကောင်းများကို ရေးဆွဲပြီးစနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနအား တိုက်တွန်း ကြောင်း”  အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း၊  တိုင်းဒေသကြီးဝန်ကြီးက ပြန်လည် ရှင်းလင်းဆွေးနွေးခြင်းနှင့် တိုင်းဒေသကြီးလွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ကတင်သွင်းထားသော၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၊ တနင်္သာရီတိုင်းဒေသကြီး ဒေသန္တရစီမံကိန်းဥပဒေ (မူကြမ်း)နှင့်စပ်လျဉ်း၍ ဥပဒေပြုရေးဆိုင်ရာကော်မတီ၏လေ့လာတွေ့ရှိချက်နှင့်သဘောထားမှတ်ချက်ကို ဖတ်ကြားရှင်းလင်းခြင်း၊လွှတ်တော်ကိုယ်စားလှယ်များကဆွေးနွေးခြင်း၊ အတည်ပြုရန်အဆိုတင်သွင်းခြင်း နှင့်တိုင်းဒေသကြီးလွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ကတင်သွင်းထားသော  ၂၀၁၇ ခုနှစ်၊တနင်္သာရီတိုင်းဒေသကြီး၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ဥပဒေ ပြုရေးဆိုင်ရာ ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်ကို ဖတ်ကြား ရှင်းလင်းခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များကဆွေးနွေးခြင်း၊အတည်ပြုရန်အဆိုတင်သွင်းခြင်းနှင့် တိုင်းဒေသကြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေး (ဒုတိယနေ့) ကို (၁၂:၄၅)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။
    အစည်းအဝေး(ဒုတိယနေ့)၌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေး တက်ရောက်မှုကိုမှတ်တမ်းတင်ခြင်း၊ကြယ်ပွင့်ပြမေးခွန်း(၇)ခုမေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ အဆို (၁)ခုဆွေးနွေးခြင်းနှင့်အတည်ပြုခြင်း၊ ဥပဒေကြမ်း(၂)ခုဆွေးနွေးခြင်းနှင့် အတည်ပြုကြောင်းဆုံးဖြတ်ခြင်း တို့ကို ဆောင်ရွက်ခဲ့ပြီး ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် စတုတ္တပုံမှန် အစည်းအဝေး (တတိယနေ့)ကို (၃၀.၃.၂၀၁၇)ရက် (ကြာသပတေးနေ့) (၁၀:၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပ မည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။