Follow Us

တနင်္သာရီတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှစ်ပတ်လည်အစည်းအဝေးထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကျင်းပ

Tue, 03/28/2017 - 11:21

ထားဝယ် မတ် ၂၅ 

တနင်္သာရီတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကို ယနေ့နံနက် (၁ဝးဝ၀)နာရီအချိန်ထားဝယ်မြို့တနင်္သာရီတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ တွင်ကျင်းပပြုလုပ်သည်။ရှေးဦးစွာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က သြဝါဒအမှာ စကားပြောကြားရာတွင် မိမိ၏နို်င်ငံသည် အမျိုးသမီးဦ်းရေ က ပိုိမိုများပြားပါကြောင်း ၊ လက်ရှိပြည်သူ ့အစိုးရ၏ဦးဆောင်မှုတွင် အမျိုးသမီးထု တရပ်လုံးစည်းလုံးညီညွတ်စွာဖြင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း ၊ နို်င်ငံတော်အစိုးရ၏ မူဝါဒ( ၄ ) ရပ် ဖော်ဆောင်ရေးကိုအကောင်အထည်ဖော်ရာတွင် လက်တွဲညီညီ ပါဝင်ကြစေလိုကြောင်း ၊ မိမိအစိုးရ၏မူဖြစ်သော လွတ်လပ် လုံခြုံစွာ ဖွံ ့ဖြိုးတိုးတက်ရေးသည် အရေးကြီးပါကြောင်းပြောကြားသည်။ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေါက်တာလဲ့လဲ့မော် က ထောက်ပံ့ငွေ ကျပ်သိန်း(၅၀) အားပေးအပ်ရာ တိုင်းဒေသကြီး အမျိုသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်နီလာအေး က လက်ခံရယူခဲ့ပါသည်။ထိုနောက် တိုုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဥက္ကဌဒေါ်နီလာအေးက မိိမိတို ့ဦးဆောင်သော တနင်္သာရီ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ ့အနေဖြင့် တို်င်းဒေသကြီးအစိုးရအဖွဲ ့၏လမ်းညွှန်မှု ၊ ပံ့ပိုးမှုနှင့်မြန်မာနို်င်ငံအမျိုးသမီးရေးရာအဖွဲ ့ချုပ်၏ကြီးကြပ်မှုဖြင့် ဆောင်ရွက်သွားမှာဖြစ်ကြောင်းအစိုးရသစ်လုပ်ငန်းများတွင် ပြည်သူ ့အကျိုးပြုလုပ်ငန်းများ တွင်တစ်ဖက်တစ်လမ်းမှပူးပေါင်းဆောင်ရွက်ပါမည်ဟု အဖွဲ ့ဝင်များကိုယ်စား ဂတိပြုပါကြောင်း ၊ အမျိုးသမီးရေးရာအဖွဲ ့ များ၏စွမ်းရည်များကိုမြှင့်တင်သွားမှာဖြစ်ကြောင်းပြောကြားသည်။ဒုတိယပိုင်းအစီအစဉ်အရ အမျိုးသမီးရေးရာခရိုင်၊မြို့နယ်များမှ ရှေ့လုပ်ငန်းစဉ်များနှင့်လက်ရှိလုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့် အခက်အခဲများအားရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့် ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဒေါ်နီလာအေးက တင်ပြချက်များအား ခြုံငုံသုံးသပ်ဆွေးနွေးပြီး ဆက်လက်ဆောင်ရွက်မည့် လုပ် ငန်းစဉ်များကို လမ်းညွှန်အမှာစကားပြောကြားခဲ့ပါသည်။ထို့နောက်် အမျိုးသမီးရေးရာ ဥက္ကဌမှ ထောက်ပံ့ငွေများအား တနင်္သာရီတို်င်းဒေသကြီးမြို့နယ်များကိုယ်စား ထားဝယ်ခရိုင်( ၈ )သိန်း ၊ မြိတ်ခရိုင်( ၈ )သိန်း၊ ကော့သောင်းခရိုင် (၄)သိန်းအား အသီးသီးပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
( တနင်္သာရီတို်င်းဒေသကြီးပြန်/ဆက်ဦးစီးဌာန)