Follow Us

ငါးလုပ်ငန်းဦးစီးဌာန

Thu, 09/08/2016 - 11:54

ငါးလုပ်ငန်းဦးစီးဌာနစတင်ပေါ်ပေါက်လာပုံနှင့် နောက်ခံသမိုင်း
     ငါးလုပ်ငန်းဦးစီးဌာနသည် ၁၉၄၈ခုနှစ်၊ ဇွန်လမှစတင်၍ (မြေယာကျေးလက်စည်ပင် သာယာရေး)လက်အောက်တွင်  ငါးလုပ်ငန်းတာဝန်ခံအရာရှိရုံး(ငါးလုပ်ငန်းဗြူရို)အဖြစ် အရာ ထမ်း(၁)ဦး၊ အမှုထမ်း(၃)ဦးဖြင့် စတင်ဖွဲ့စည်းဖွင့်လှစ်ခဲ့ပါသည်။
     ၁၉၅၄ ခုနှစ်၊ ဇွန်လမှစတင်၍ မြေယာကျေးလက်ကြီးများတိုးတက်ရေးကော်ပိုရေးရှင်း လက်အောက်သို့ လွှဲပြောင်းပေးခဲ့ပြီး ငါးလုပ်ငန်းစီမံကိန်းဌာနခွဲတစ်ခုအဖြစ် အရာထမ်း(၆)ဦး၊ အမှုထမ်း(၇၀)ဦး၊ စုစုပေါင်း ဝန်ထမ်း(၇၆)ဦးဖြင့် ဖွဲ့စည်းလုပ်ကိုင်ခဲ့ပါသည်။
     ၁၉၆၁ ခုနှစ်၊ မတ်လ(၂၄)ရက်နေ့မှစတင်၍ မြေယာကျေးလက်ကြီးပွားတိုးတက်ရေး ကော်ပိုရေးရှင်းလက်အောက်မှ သီးခြားဌာနကြီးတစ်ခုအဖြစ် သတ်မှတ်လျက် ညွှန်ကြားရေး ဝန် (၁)ဦး အုပ်ချုပ်သော ငါးလုပ်ငန်းဌာနခွဲအဖြစ် တိုးမြှင့်၍ အရာထမ်း(၉)ဦး၊ အမှုထမ်း(၁၈၃) ဦး၊ စုစုပေါင်းဝန်ထမ်း(၁၉၂)ဦးဖြင့် ဖွဲ့စည်းလုပ်ကိုင်ခဲ့ပါသည်။
     အုပ်ချုပ်ရေးစနစ်သစ်ပေါ်လာပြီးနောက် ၁၉၇၂ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့မှစတင်၍ ငါးလုပ်ငန်းဌာနခွဲကို ငါးလုပ်ငန်းဦးစီးဌာနဟု ပြင်ဆင်သတ်မှတ်ပြီး ဌာနအကြီးအကဲအနေဖြင့် ညွှန်ကြားရေးမှူးချုပ်မှ တာဝန်ယူ၍ အရာထမ်း(၉)ဦး၊ အမှုထမ်း(၁၈၃)ဦး၊ စုစုပေါင်း ဝန်ထမ်း (၁၉၂)ဦးဖြင့် လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။
     ၁၉၈၂ ခုနှစ်၊ ဧပြီလမှစတင်၍ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်သူ့လုပ်အားနေရာချထားရေးအဖွဲ့လက်အောက်ရှိ ငါးပြတိုက်သည် ၄င်း၏ဝန်ထမ်းအင်အား(၈၉)ဦးဖြင့် ငါးလုပ်ငန်းဦးစီးဌာနလက်အောက်သို့ ကူးပြောင်းခဲ့ပါသည်။
     မြန်မာနိုင်ငံ၏ သားငါးကဏ္ဍဆိုင်ရာလုပ်ငန်းများကို ၁၉၈၂-၁၉၈၃ ဘဏ္ဍာရေးနှစ်အထိ လယ်ယာနှင့်သစ်တောဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်ခဲ့ရာမှ ၁၉၈၃ ခုနှစ်၊ မတ်လ(၁၅) ရက်နေ့တွင် မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနကို သီးခြားဖွဲ့စည်းခဲ့ပါသည်။ ငါးလုပ်ငန်းဦးစီးဌာနလက်အောက်သို့ ၁၉၉၄ ခုနှစ်တွင် မြန်မာ့ရေလုပ်ငန်းကိုလည်းကောင်း၊ ၁၉၉၇ ခုနှစ်တွင် ပညာရေးဝန်ကြီးဌာနအောက်ရှိ ငါးလုပ်ငန်းအတတ်သင်ကျောင်းကိုလည်းကောင်း သိမ်းသွင်းဖွဲ့စည်းခဲ့ပါသည်။ မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနမှ (၂၀၁၃ ခုနှစ်၊ သြဂုတ်လ(၉) ရက်နေ့)တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနဟု ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။
     ငါးလုပ်ငန်းဦးစီးဌာနလက်အောက်တွင် (၁) စီမံနှင့်ဘဏ္ဍာရေးဌာနခွဲ (၂) ကြီးကြပ်အခွန်ဌာနခွဲ (၃) မွေးမြူရေးဌာနခွဲ (၄) ဖွံ့ဖြိုးရေးနှင့်သုတေသနဌာနခွဲ၊ ဌာနခွဲ(၄)ခုဖြင့် မြန်မာနိုင်ငံငါးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စီမံဆောင်ရွက်လျက်ရှိပါသည်။
     ၁၉၈၄-၁၉၈၅ ဘဏ္ဍာရေးနှစ်မှစတင်၍ တနင်္သာရီတိုင်းဒေသကြီးအတွင်း ငါးလုပ်ငန်းဦးစီးဌာနရုံးများ စတင်ဖွင့်လှစ်၍ ဆောင်ရွက်ခဲ့ရာ ခရိုင်(၃)ခရိုင်၊ မြို့နယ်(၁၀)မြို့နယ်တွင် ငါးလုပ်ငန်းဦးစီးဌာနရုံးများ ဖွင့်လှစ်ခဲ့ပြီး ငါးလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံခန့်ခွဲခြင်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

Office Address and Location Map: 
တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှူးရုံး    
ဆန်းချီရပ်၊ တိုးချဲ့မြို့သစ်၊ ထားဝယ်မြို့။
ဖုန်း - ၀၅၉-၂၁၃၂၈၊ ၀၅၉-၂၃၅၉၅
Fax  - ၀၅၉-၂၁၃၂၅
ထားဝယ်ခရိုင်ဦးစီးဌာနမှူးရုံး
ဆန်းချီရပ်၊ တိုးချဲ့မြို့သစ်၊ ထားဝယ်မြို့။
ဖုန်း - ၀၅၉-၂၂၆၁၃
Fax  - ၀၅၉-၂၂၆၁၃

မြိတ်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူးရုံး
ကမ်းနားလမ်း၊ မြန်အောင်ရပ်၊ မြိတ်မြို့။
ဖုန်း - ၀၅၉-၄၁၁၀၄
Fax - ၀၅၉-၄၂၈၁၈

ကော့သောင်းခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူးရုံး
အဏ္ဏဝါရပ်၊ ကော့သောင်းမြို့။
ဖုန်း - ၀၅၉-၅၁၀၂၃
Fax - ၀၅၉-၅၁၀၁၂
ထားဝယ်မြို့ငါးလုပ်ငန်းဦးစီးဌာနမှူးရုံး
ဆန်းချီရပ်၊ တိုးချဲ့မြို့သစ်၊ ထားဝယ်မြို့။
ဖုန်း - ၀၅၉-၂၂၆၁၃
Fax  - ၀၅၉-၂၂၆၁၃
ရေဖြူမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူးရုံး
တိုးချဲ့(ခ)ရပ်ကွက်၊ ရေဖြူမြို့နယ်။
ဖုန်း - ၀၅၉-၃၇၀၃၄
Fax  - ၀၅၉-၃၇၀၃၄
လောင်းလုံးမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူးရုံး
(က)ရပ်ကွက်၊ လောင်းလုံးမြို့နယ်။
ဖုန်း - ၀၅၉-၃၃၀၁၄
Fax  -၀၅၉-၃၃၀၁၄
သရက်ချောင်းမြို့ငါးလုပ်ငန်းဦးစီးဌာနမှူးရုံး
တပ်နယ်လမ်း၊ မြို့မရပ်ကွက်၊ သရက်ချောင်းမြို့နယ်။
ဖုန်း - ၀၅၉-၃၅၁၀၇
Fax  - ၀၅၉-၃၅၁၀၇
မြိတ်မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူးရုံး
ကမ်းနားလမ်း၊ မြန်အောင်ရပ်၊ မြိတ်မြို့။
ဖုန်း - ၀၅၉-၄၁၁၀၄
Fax  - ၀၅၉-၄၂၈၁၈
ပုလောမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူးရုံး
ဗိုလ်ချုပ်လမ်း၊ အမှတ်(၂)ရပ်ကွက်၊ ပုလောမြို့။
ဖုန်း - ၀၅၉-၃၀၁၀၄
Fax  - ၀၅၉-၃၀၁၀၄
ကျွန်းစုမြို့နယ်ငါးလုပ်ငန်း်ဦးစီးဌာနမှူးရုံး
အမှတ်(၁)ရပ်ကွက်၊ ယမုံနာလမ်း၊ ကျွန်းစုမြို့။
ဖုန်း - ၀၅၉-၆၂၀၁၇
Fax  - ၀၅၉-၆၂၀၁၇

တနင်္သာရီမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူးရုံး
ကမ်းနားလမ်း၊ ချောင်းငယ်ရပ်၊ တနင်္သာရီမြို့။

 

ကော့သောင်းမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူးရုံး
အဏ္ဏဝါရပ်၊ ကော့သောင်းမြို့။
ဖုန်း - ၀၅၉-၅၁၀၂၃
Fax  - ၀၅၉-၅၁၀၁၂
ဘုတ်ပြင်းမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူးရုံး
ရတနာလမ်းသွယ်-၁၊ အောင်မင်္ဂလာ၊
ဘုတ်ပြင်းမြို့။
ဖုန်း - ၀၅၉-၅၀၀၂၉ 
Fax  - ၀၅၉-၅၀၀၂၉