Follow Us

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန

Thu, 09/08/2016 - 11:53

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စတင်ပေါ်ပေါက်လာပုံနှင့် နောက်ခံသမိုင်း

    ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၂ ခုနှစ်တွင် သတင်းနှင့် ဝါဒဖြန့်ချိရေးဌာနခွဲအဖြစ် ဖွင့်လှစ်ခဲ့သည်။ ယင်းဌာနခွဲကို ကိုလိုနီခေတ် ၁၉၄၅ ခုနှစ်တွင် ပြည်သူ့ဆက်ဆံရေးဌာနငယ်အဖြစ် ဖွဲ့စည်းခဲ့ပါသည်။၁၉၄၆ ခုနှစ်တွင် ပြည်သူ့ဆက်ဆံရေးဌာနကို ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်တွင် ထားရှိခဲ့ပါသည်။ ၁၉၄၇ ခုနှစ်တွင် ပြန်ကြားရေးဌာနနှင့် အသံလွှင့်ဌာနဟူ၍ သီးခြားဖွဲ့စည်းခဲ့ပါသည်။ ပြန်ကြားရေး ဌာနလက်အောက်တွင် သတင်းဌာနခွဲ၊ ပြည်သူ့ဆက်ဆံရေးဌာနခွဲ၊ စာအုပ်စာတမ်းထုတ်ဝေရေးဌာန၊ ဓာတ်ပုံဌာနစိတ်၊ ဖြန့်ချိရေးဌာနစိတ်ဟူ၍ ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။
    ၁၉၅၄ ခုနှစ်တွင် ရန်ကုန်စာဖတ်ခန်းနှင့်တွဲလျက် ကလေးစာဖတ်ခန်းကို ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၅၈ ခုနှစ်၊ အိမ်စောင့်အစိုးရလက်ထက်တွင် ပြန်ကြားရေးဌာနခွဲရှိ ပြည်သူ့ဆက်ဆံရေးအရာရှိများ၏ လုပ်ငန်းတာဝန်များကို ပြန်လည်သတ်မှတ်ပြီး ခရိုင်နှင့် ခရိုင်ခွဲများတွင် ရုံးများ စနစ်တကျဖွဲ့စည်းကာ ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါသည်။ ခရိုင်ပြည်သူ့ဆက်ဆံရေးအရာရှိနှင့် ခရိုင်ခွဲ လက်ထောက်ပြည်သူ့ ဆက်ဆံရေးအရာရှိများသည် ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်သူ့ဆက်ဆံရေးနှင့်လက်တွဲ၍ နိုင်ငံတော်အစိုးရ၏ ဝါဒသဘောထားများ၊ ဆောင်ရွက်ချက်များ၊ ပြည်တွင်းငြိမ်ဝပ်ပိပြားရေး၊ ပြည်သူ တို့၏ စိတ်ဓာတ်တက်ကြွခိုင်မာရေးစသည့် ပြန်ကြားရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။
    ၁၉၆ဝ ပြည့်နှစ်၊ သန့်ရှင်းဖဆပလအစိုးရလက်ထက်တွင် ပြည်သူ့ဆက်ဆံရေးအရာရှိရာထူးများ၊ လက်ထောက်ပြည်သူ့ဆက်ဆံရေးအရာရှိရာထူးများကို ဖျက်သိမ်း၍ ခရိုင်နှင့် ခရိုင်ခွဲများရှိ ပြန်ကြားရေး စာဖတ်ခန်းအဖြစ် ပြောင်းလဲဖွင့်လှစ်ပြီး အောက်တန်းစာရေးများကို စာကြည့်ခန်းကြီးကြပ်ရန် တာဝန်ပေးအပ်ခဲ့ပါသည်။
    နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ အစိုးရလက်ထက်တွင် ပြန်ကြားရေးနှင့် အသံလွှင့်ဦးစီးဌာနမှ ပြန်ကြားရေးဌာနခွဲကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအဖြစ် နိုင်ငံတော် ၏ လိုအပ်ချက်အရ အများပြည်သူအကျိုးအတွက် ၁၉၉၁ ခုနှစ်၊ ဇန်နဝါရီလ (၂၄)ရက်နေ့၌ ခရိုင်အဆင့်တွင် ခရိုင်ရုံးများကိုလည်းကောင်း၊ မြို့နယ်အဆင့်တွင် မြို့နယ်များကိုလည်းကောင်း တိုးချဲ့ဖွဲ့စည်း ပေးခဲ့ပါသည်။ ၂၀၀၈ ခုနှစ်၊ စက်တင်ဘာ (၂၅)ရက်နေ့ ကျင်းပပြုလုပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့၊ အစည်းအဝေးအမှတ်စဉ် (၃၃/၂၀၀၈)ဆုံးဖြတ်ချက်ကို နိုင်ငံတော်အေးချမ်းသာယာ ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ သဘောတူညီချက်အရ ပြည်နယ်/ တိုင်းရုံး (၁၇)ရုံး၊ သုတေသနနှင့် သတင်းအချက်အလက်ဌာနခွဲ၊ မော်တော်ယာဉ်ဌာနစုတို့ကို အသစ်တိုးချဲ့ဖွဲ့စည်းခွင့်ပြုခဲ့ပါသည်။ မိုးညှင်း၊လင်းခေး၊ မော်လိုက်၊ ပျဉ်းမနားမြို့နယ်ရုံး (၄)ရုံးကို ခရိုင်ရုံးအဆင့်သို့ တိုးချဲ့ဖွဲ့စည်းခွင့်ပြုခဲ့ရာ အရာထမ်း (၁၂၉)နေရာ၊ အမှုထမ်း(၃၅၆၇)၊ စုစုပေါင်းဝန်ထမ်း(၃၆၉၆)နေရာဖြင့် လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၀ ခုနှစ်၊ မတ်လ (၄)ရက်နေ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့၊ အစည်းအဝေးအမှတ်စဉ် (၉/၂၀၁၀)ဆုံးဖြတ်ချက်အရ လပ္ပတ္တာမြို့နယ်ကို ခရိုင်အဆင့်သို့ လည်းကောင်း၊ မက်မန်းမြို့ကို မြို့နယ်ရုံးအဆင့်သို့လည်းကောင်း၊ လိပ်သိုမြို့ကို မြို့နယ်ခွဲရုံးအဆင့်သို့လည်းကောင်း ထပ်မံတိုးချဲ့ဖွဲ့စည်းခဲ့ပါသည်။ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွဲ့စည်းပုံကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ပြည်ထောင်စုအစိုးရအဖွဲ့၊ အစည်းအဝေးအမှတ်စဉ် (၂/၂၀၁၅) သဘောတူညီချက်အရ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲကို အသစ်ထပ်မံဖွဲ့စည်းခြင်း၊ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲ၊ သုတေသနနှင့် သတင်းအချက်အလက်ဌာနခွဲနှင့် စီမံခန့်ခွဲရေးဌာနခွဲကို တိုးချဲ့ဖွဲ့စည်းခြင်းတို့အတွက် အရာထမ်းရာထူး (၁၉)နေရာ၊ အမှုထမ်းရာထူး (၂၂၈)နေရာ၊ စုစုပေါင်းဝန်ထမ်းရာထူး(၂၄၇)နေရာ တိုးချဲ့၍ ဤဦးစီးဌာနဖွဲ့စည်းပုံကို အရာထမ်းရာထူး (၁၈၉)နေရာ၊ အမှုထမ်းရာထူး (၄၀၅၂)နေရာ၊ စုစုပေါင်းဝန်ထမ်းရာထူး (၄၂၄၁)နေရာဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

Office Address and Location Map: 
တိုင်းဒေသကြီးပြန်ကြားရေးနှင့်
ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
စျေးတောင်ဘက်လမ်း၊ ဇရစ်ရပ်၊ 
ထားဝယ်မြို့။
ဖုန်း - ဝ၅၉-၂၃၄၈၇၊ ၀၅၉-၂၁၀၈၂

ထားဝယ်ခရိုင်ပြန်ကြားရေးနှင့်
ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
အာဇာနည်လမ်းနှင့်ဦးကျော်ရင်
လမ်းထောင့်၊ အနောက်မြို့တွင်းရပ်၊ 
ထားဝယ်မြို့
ဖုန်း - ၀၅၉-၂၁၀၉၉

မြိတ်ခရိုင်ပြန်ကြားရေးနှင့်
ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
အထက (၃) လမ်း၊ စျေးတန်းရပ်၊
မြိတ်မြို့
ဖုန်း - ၀၅၉-၄၁၃၇၇
 
ကော့သောင်းခရိုင်ပြန်ကြားရေးနှင့်
ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
ရုံးကြီးလမ်း၊ ပိတောက်ရွှေဝါရပ်ကွက်၊
ကော့သောင်းမြို့
ဖုန်း - ၀၅၉-၅၁၀၅၆
 
ရေဖြူမြို့နယ်ပြန်ကြားရေးနှင့်

ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
(က)ရပ်ကွက်၊ ရေဖြူမြို့
ဖုန်း - ၀၅၉-၃၇၀၁၃

လောင်းလုံးမြို့နယ်ပြန်ကြားရေးနှင့်
ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
သီရိမင်္ဂလာလမ်း၊ (က)ရပ်ကွက်၊ 
စုပေါင်းရုံးအနီး၊ လောင်းလုံးမြို့
ဖုန်း - ၀၅၉-၃၃၀၈၀
 
သရက်ချောင်းမြို့နယ်ပြန်ကြားရေးနှင့်
ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
လမ်းမတော်လမ်း၊ မြို့မရပ်ကွက်၊
သရက်ချောင်းမြို့
ဖုန်း - ၀၅၉-၃၅၀၀၆
ပုလောမြို့နယ်ပြန်ကြားရေးနှင့်
ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
ဗိုလ်ချုပ်လမ်း၊ အမှတ်(၂)ရပ်ကွက်၊ 
ပုလောမြို့
ဖုန်း - ၀၅၉-၃၀၀၈၆
 
ကျွန်းစုမြို့နယ်ပြန်ကြားရေးနှင့်
ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
ဗိုလ်ချုပ်လမ်း၊ အမှတ်(၁)ရပ်ကွက်၊ 
ကျွန်းစုမြို့နယ်
ဖုန်း - ၀၅၉-၆၂၀၂၂
 
တနင်္သာရီမြို့နယ်ပြန်ကြားရေးနှင့်
ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
သီတာလမ်း၊ စျေးတန်းရပ်၊
တနင်္သာရီမြို့နယ်
ဖုန်း - ၀၅၉-၅၅၀၁၇
 
ဘုတ်ပြင်းမြို့နယ်ပြန်ကြားရေးနှင့်
ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
ရုံးလမ်း၊ အောင်မင်္ဂလာရပ်ကွက်၊
ဘုတ်ပြင်းမြို့
ဖုန်း - ၀၅၉-၅၀၀၂၄