Follow Us

သမဝါယမဦးစီးဌာန

Thu, 09/08/2016 - 11:53

သမဝါယမဦးစီးဌာနဦးစီးဌာနစတင်ပေါ်ပေါက်လာပုံနှင့် နောက်ခံသမိုင်း
      ကိုလိုနီခေတ်၊ ၁၉၀၄ ခုနှစ်တွင် မေမြို့(ပြင်ဦးလွင်)၌ သမဝါယမမင်းကြီးရုံးကို စတင်ဖွင့်လှစ်ခဲ့ပြီး ပြောင်းလဲလာသောခေတ်စနစ်နှင့် လိုက်လျောညီထွေမှုရှိစေရန် ပြုပြင်ပြောင်းလဲဖွဲ့စည်းခဲ့ရာ ယခုအခါ သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးအဖြစ် ဆက်လက်တည်တံ့ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။
     မြန်မာနိုင်ငံ၏ သမဝါယမကို မြန်မာနိုင်ငံကိုလိုနီနယ်ချဲ့လက်အောက် ကျရောက်ခဲ့သည့်အချိန် အိန္ဒိယနိုင်ငံ၏ ပြည်နယ်တစ်နယ်ဖြစ်သော အိန္ဒိယနိုင်ငသမဝါယမငွေစု၊ ငွေချေးအသင်းဆိုင်ရာ အက်ဥပဒေအရ ၁၉၀၅ ခုနှစ်၊ ဇန်နဝါရီလ (၃)ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့တွင် မြင်းမူမြို့နယ် ငွေစုငွေချေးသမဝါယမအသင်းကို စတင်ဖွဲ့စည်းခဲ့ပြီး မြို့မနှင့် ကျေးလက်ငွေစုငွေချေး သမဝါယမအသင်းများဖွဲ့စည်း၍ ငွေချေးယူခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ခဲ့သည်။
     ၁၉၁၂ ခုနှစ် သမဝါယမအသင်းများဆိုင်ရာ အက်ဥပဒေကို ပြင်ဆင်ဖွဲ့စည်းခဲ့ရာ အသင်းအမျိုးအစားပေါင်းစုံကို ဖွဲ့စည်းနိုင်ခဲ့သည့်အပြင် မန္တလေးမြို့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ သမဝါယမဘဏ်ကိုပါ ထူထောင်ဖွဲ့စည်းနိုင်ခဲ့သည်။
     ၁၉၁၆-၁၉၂၀ ကာလအတွင်း ဝံသာနုရက္ခိတစိတ်ဓာတ်ကို နှိုးဆွပေးသောဝိုင်အမ်ဘီအေ၊ သမစိတ္တအသင်းတွေ၏ ဦးတည်ချက်သည် သမဝါယမနှင့် သဟဇာတဖြစ်သည့်အတွက် မြို့မသမဝါယမဘဏ် ထူထောင်နိုင်ခဲ့ပြီး ၁၉၃၅ ခုနှစ် ဦးတင်ကြီး၏ ပြန်လည်ပြုပြင်ရေးစီမံကိန်းအရ (၉၁)ဌာနအုပ်ချုပ်ရေးကာလတွင် တက္ကသိုလ်သမဝါယမအသင်း(Versity Con-Co)ကဲ့သို့သော သမိုင်းတွင်ရစ်မည့် သမဝါယမအသင်းကို ဖွဲ့စည်းနိုင်ခဲ့သည်။
     ၁၉၄၇ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်မှုဖြင့် ဆိုရန်ဗီလာအဆောက်အဦး၌ စီးပွားရေးစီမံကိန်းများရေးဆွဲရာတွင် စားသုံးသူများ၏ သမဝါယမအသင်း(Con-Co) များတည်ဆောက်ရန် စီမံကိန်းအရ (Con-Co)အသင်းများ ဖွဲ့စည်းအောင်မြင်ခဲ့သည်။
     ပါလီမန်ခေတ်တွင် ၁၉၅၆ ခုနှစ်၊ သမဝါယမဥပဒေကို ပြဌာန်းခဲ့ပြီး ငွေကြေးကဏ္ဍ၊ ဘဏ်လုပ်ငန်းတို့ကိုသာမက ကုန်သွယ်စီးပွားအခြေပြုသည့် လယ်ယာစိုက်ပျိုးရေးကို နယ်သစ်သမဝါယမများမှတဆင့် တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့သည်။
     ဆိုရှယ်လစ်စီးပွားရေးခေတ်တွင် ၁၉၇၀ ခုနှစ် သမဝါယမအသင်းဥပဒေကို ပြဌာန်းပြီး ဘက်စုံထောင့်စုံကဏ္ဍစုံ တိုးချဲ့ဖွဲ့စည်းခဲ့ပြီး နိုင်ငံတော်၏ ဒုတိယမဏ္ဍိုင်အဖြစ် နိုင်ငံတော်၏ အဓိကပံ့ပိုးမှုများဖြင့် ရပ်တည်ခဲ့ပါသည်။
     ယနေ့ စျေးကွက်စီးပွားရေးခေတ်တွင် ၁၉၉၂ ခုနှစ် သမဝါယမဥပဒေကို သမဝါယမမူဝါဒ၊ အခြေခံမူများနှင့်အညီ စီးပွားရေးစျေးကွက်တွင် လွတ်လပ်စွာယှဉ်ပြိုင် လုပ်ကိုင်ဆောင်ရွက်နိုင်စေရန် ပြဌာန်းပေးခဲ့ပြီးသမဝါယမ အစဉ်ဆက်မပြတ် တိုးတက်ဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုးပြု သမဝါယမအသင်းများဖြစ်ရေးတို့ကို ဦးတည်၍ နိုင်ငံတော်၏ ဆင်းရဲနွမ်းပါးမှုလျော့ချရေးအစီအစဉ်တွင် အုတ်တစ်ချပ်၊ သဲတစ်ပွင့်အဖြစ် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

Office Address and Location Map: 
တနင်္သာရီတိုင်းဒေသကြီးသမဝါယမဦးစီးဌာနရုံး
မျှော်အင်းလမ်း၊ ညောင်ရမ်းတောင်ရပ်၊
ထားဝယ်မြို့။
ဖုန်း - ၀၅၉-၂၁၀၇၅

ထားဝယ်မြို့နယ်သမဝါယမဦးစီးဌာနရုံး
မျှော်အင်းလမ်း၊ ညောင်ရမ်းတောင်ရပ်၊
ထားဝယ်မြို့။
ဖုန်း - ၀၅၉-၂၁၀၇၅

 

ရေဖြူမြို့နယ်သမဝါယမဦးစီးဌာနရုံး
နတ်စင်လမ်း၊ (ခ)ရပ်ကွက်၊
ရေဖြူမြို့။
ဖုန်း - ၀၅၉-၃၇၀၁၇
လောင်းလုံးမြို့နယ်သမဝါယမဦးစီးဌာနရုံး
သီရိမင်္ဂလာလမ်း၊ (က)ရပ်ကွက်၊
လောင်းလုံးမြို့။
ဖုန်း - ၀၅၉-၃၃၁၀၉
သရက်ချောင်းမြို့နယ်သမဝါယမဦးစီးဌာနရုံး
ထားဝယ်-မြိတ် ကားလမ်း၊ မြို့မရပ်ကွက်၊
သရက်ချောင်းမြို့။
ဖုန်း - ၀၅၉-၃၅၀၁၂
မြိတ်မြို့နယ်သမဝါယမဦးစီးဌာနရုံး
ဘောတံတားလမ်း၊ ဆိပ်ငယ်ရပ်၊ မြိတ်မြို့။
ဖုန်း - ၀၅၉-၄၁၀၅၈
ပုလောမြို့နယ်သမဝါယမဦးစီးဌာနရုံး
မြဝတီလမ်း၊ (၁)ရပ်ကွက်၊
ပုလောမြို့။
ဖုန်း - ၀၅၉-၃၀၁၀၆

ကျွန်းစုမြို့နယ်သမဝါယမဦးစီးဌာနရုံး
ဗိုလ်ချုပ်လမ်း၊ အမှတ်(၂)ရပ်ကွက်၊
ကျွန်းစုမြို့။
ဖုန်း - ၀၅၉-၆၂၀၂၇

တနင်္သာရီမြို့နယ်သမဝါယမဦးစီးဌာနရုံး
ရေတွင်းတောင်လမ်း၊ ချောင်းငယ်ရပ်ကွက်၊
တနင်္သာရီမြို့။
ဖုန်း - ၀၅၉-၅၅၀၃၈

 

ကော့သောင်းမြို့နယ်သမဝါယမဦးစီးဌာနရုံး
ဗိုလ်ဆွန်ပက်လမ်း၊ လမ်းသွယ်(၂)၊
ဘုရင့်နောင်ရပ်ကွက်၊ ကော့သောင်းမြို့။
ဖုန်း - ၀၅၉-၅၁၄၃၀

ဘုတ်ပြင်းမြို့နယ်သမဝါယမဦးစီးဌာနရုံး
ကော့သောင်း-မြိတ်ကားလမ်း၊
ရွှေဘုံသာရပ်ကွက်၊ ဘုတ်ပြင်းမြို့။
ဖုန်း - ၀၅၉-၅၀၀၃၄