Follow Us

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန

Thu, 09/08/2016 - 11:52

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန စတင်ပေါ်ပေါက်လာပုံနှင့် နောက်ခံသမိုင်း   
      အသေးစားစက်မှုလက်မှုလုပ်ငန်ဦးစီးဌာနသည် ဒုတိယကမ္ဘာစစ် မတိုင်မီကပင် အိမ်တွင်းစက်မှုလက်မှုဌာနအဖြစ် တည်ထောင်ခဲ့ပါသည်။ ၁၉၄၇ ခုနှစ်တွင် စက်မှုလက်မှုညွှန်ကြားရေးဌာနအဖြစ် တိုးချဲ့ဖွဲ့စည်းခဲ့ပါသည်။ ၁၉၅၂ ခုနှစ်တွင် စက်မှုလက်မှုညွှန်ကြားရေးဌာနသည် ပုဂ္ဂလိကစက်မှုလက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လွှဲပြောင်းတာဝန်ယူခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် စက်မှုလက်မှုဝန်ကြီးဌာနလက်အောက်မှ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။ (၂၁-၂-၁၉၇၄)ရက်နေ့တွင် သမဝါယမဝန်ကြီးဌာနလက်အောက်သို့ ထပ်မံပြောင်းရွှေ့ခဲ့ပါသည်။ (၃၀-၃-၁၉၇၆)ရက်နေ့တွင် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။ ၁၉၈၂ ခုနှစ်တွင် ရက်ကန်းကျောင်း(၁၄)ကျောင်းကို ပညာရေးဝန်ကြီးဌာန၊ စက်မှု၊ စိုက်ပျိုးနှင့်သက်မွေးပညာဦးစီးဌာနလက်အောက်မှ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသို့ လွှဲပြောင်းခဲ့ပါသည်။ ၁၉၉၇ ခုနှစ်တွင် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကို ဦးစီးဌာနအဆင့်(၃)မှ ဦးစီးဌာနအဆင့်(၁)သို့ တိုးမြှင့်ဖွဲ့စည်းခဲ့ပါသည်။ ၂၀၁၁ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့မှစတင်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအဖြစ် အမည်ပြောင်းလဲခဲ့ပါသည်။
     ၂၀၁၄ ခုနှစ်၊ မေလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်၊ (၉/၂၀၁၄)၏ သဘောတူခွင့်ပြုချက်အရ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးများကို တိုးချဲ့ဖွင့်လှစ်ခွင့်ရရှိခဲ့ပြီး သမဝါယမဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ အမိန့်ကြော်ငြာစာအမှတ်၊ ၃၁/၂၀၁၄ဖြင့် တနင်္သာရီတိုင်းဒေသကြီးအသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနကို တိုးချဲ့ဖွဲ့စည်းခဲ့ပါသည်။
    ၂၀၁၆ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့မှစ၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနလက်အောက်သို့ ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။

Office Address and Location Map: 

တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန
မျှော်အင်းလမ်းသွယ်၊ ညောင်ရမ်းတောင်ရပ်၊
တိုင်းဒေသကြီးသမဝါယမဦးစီးဌာနရုံးဝင်း (ပထမထပ်)၊
ထားဝယ်မြို့။
ဖုန်း - ၀၅၉-၂၂၆၀၉
      ၀၅၉-၂၂၁၇၂