Follow Us

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံ

Thu, 09/08/2016 - 11:52

ဦးစီးဌာနစတင်ပေါ်ပေါက်လာပုံနှင့်နောက်ခံသမိုင်း

  ၁၉၄၆ ခုနှစ်တွင် ပြည်သူ့ဆက်ဆံရေးဌာနကို ပြည်ကြားရေးဝန်ကြီးဌာနလက်အောက်တွင်ထားရှိခဲ့ပြီး မြန်မာ့အသံရေဒီယိုထုတ်လွှင့်ခြင်း လုပ်ငန်းများကို ဆောင်ရွက် ခဲ့ပါသည်။
  ၁၉၇၂ ခုနှစ်၊ မတ်လ (၁၅)ရက်နေ့တွင် ပြန်ကြားရေးဌာနခွဲနှင့် အသံလွှင့်ဌာနခွဲတို့ ပူးပေါင်းပြီး ပြန်ကြားရေးနှင့် အသံလွှင့် ဦးစီးဌာနအဖြစ် ဖွဲ့စည်းခဲ့ပြီး ၁၉၈ဝ ခုနှစ်တွင် မြန်မာ့ရုပ်မြင့်သံကြား အစီအစဉ်များကို စတင်ထုတ်လွှင့်ခဲ့ပါသည်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ အစိုးရလက်ထက်တွင် ၁၉၉၁ ခုနှစ်၊ ဇန်နဝါရီလ (၂၄)ရက်နေ့တွင် မြန်မာ့ရုပ်မြင်သံကြားအသံလွှင့် ဦးစီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ၂ဝဝဝ ခုနှစ်နောက်ပိုင်းတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအဖြစ် အမည်နာမ ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။
    ထားဝယ်မြို့ ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံသည် ထားဝယ်မြို့၏အနောက်ဘက် (၂)မိုင်ခန့်အကွာ လောင်းလုံးမြို့နယ်၊ ကဘူ ကျေးရွာအနီးတည်ရှိပြီး မြန်မာ့ ရုပ်မြင်သံကြားအစီအစဉ်များကို ၁၉၉၃ ခုနှစ်၊ ဇွန်လ (၂၃) ရက်နေ့တွင် စတင်ထုတ်လွှင့်ခဲ့ပါသည်။

Office Address and Location Map: 
တိုင်းဒေသကြီးရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံ
ထားဝယ်မြို့
ဖုန်း  - ၀၉-၄၉၈၇၃၄၀၀
Fax  - ၀၅၉-၂၁၃၅၃
မြိတ်ခရိုင်ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံ
ကရခဝင်း၊ မြိတ်မြို့
ဖုန်း  - ၀၉-၄၉၈၅၂၇၉၁
Fax  - ၀၅၉-၄၁၃၉၈

 

ကော့သောင်းခရိုင်ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံ
ကော့သောင်းမြို့
ဖုန်း  - ၀၉-၂၅၀၄၇၀၈၀၉