Follow Us

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန

Thu, 09/08/2016 - 11:47

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ နောက်ခံသမိုင်း
    ၁၉၉၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံအနေဖြင့်  ပတ်ဝန်းကျင်ထိန်းသိမ်းရေးအမျိုးသားကော်မရှင်(National Commission for Environmental Affairs-NCEA)ကို စတင်ဖွဲ့စည်းပြီးနောက် နိုင်ငံခြားရေးဝန်ကြီးဌာန ကြီးကြပ်မှုအောက်တွင် ရုံးခွဲဖွင့်လှစ်ကာ အာဆီယံ နိုင်ငံများအပါအဝင် နိုင်ငံတကာနှင့် ပတ်ဝန်းကျင်ရေးရာကိစ္စရပ်များကို မူဝါဒအနေဖြင့်သာ ဆက်သွယ်ဆောင်ရွက်ခဲ့ပါသည်။ ၂၀၀၄ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို စနစ်တကျထိရောက်စွာ ဆောင်ရွက်နိုင်ရန် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီကို စတင်ဖွဲ့စည်းခဲ့ပါသည်။ ၂၀၀၅ ခုနှစ်၌ အဆိုပါကော်မရှင်အား သစ်တောရေးရာဝန်ကြီးဌာနကြီးကြပ်မှုသို့ ပြောင်းရွှေ့၍ ဌာနခွဲတစ်ခုအဖြစ် ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၁ ခုနှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများအား ပီပြင်စွာ အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်ရန် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီကို ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ(၁၁)ရက်နေ့တွင် အဆိုပါဌာနခွဲအဖွဲ့ဝင်များပါဝင်လျက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနအတွင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန (Environmental Conservation Department- ECD) အမည်ဖြင့် ဦးစီးဌာနအသစ်အဖြစ် တိုးချဲ့ဖွဲ့စည်းဖွင့်လှစ်ခဲ့ပါသည်။
    ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန(ရုံးချုပ်)တွင် ညွှန်ကြားရေးမှူးအဆင့် ဦးစီးသည့် ဌာန(၄)ခုဖြင့် ဖွဲ့စည်းထားရှိပြီး တိုင်းဒေသကြီး/ ပြည်နယ်များ၌ “က” အဆင့် ဦးစီးရုံး(၉)ရုံးနှင့် “ခ” အဆင့် ဦးစီးရုံး(၅)ရုံးဖြင့် ဖွဲ့စည်းထားရှိပြီး၊ တနင်္သာရီတိုင်းဒေသကြီး၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး ဖွင့်လှစ်နိုင်ရန်အတွက်(၉-၁၀-၂၀၁၃)ရက်စွဲပါစာ အမှတ်၊ ၂/ ၂၂(က)(၁)/ (၆၆၆၅/၂၀၁၃)ဖြင့် ပြည်ထောင်စုဝန်ကြီးဌာနမှ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးစိုက်ရာမြို့များသို့ စတင်စေလွှတ်ခဲ့ ပါသည်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍရေးနှစ်တွင် တိုင်းဒေသကြီး (၅)ခု (စစ်ကိုင်း၊ တနင်္သာရီ၊ မန္တလေး၊ ဧရာဝတီ၊ ရန်ကုန်)နှင့် (၂၀၁၄-၂၀၁၅) ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး(၁)ခု (ပဲခူး)နှင့် ပြည်နယ်(၄)ခု (ကချင်၊ ရှမ်း၊ မွန်၊ ရခိုင်) စုစုပေါင်း(၁၀)နေရာ၌  “က”အဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးများကို ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါသည်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် မကွေးတိုင်းဒေသကြီး (၁)ခုနှင့် ပြည်နယ်(၃)ခု (ကယား၊ ကရင်၊ ချင်း)တို့တွင်လည်း “ခ”အဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာနရုံးများကို ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါသည်။
    ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး“က”အဆင့် ဦးစီးရုံး ဖွဲ့စည်းတည်ဆောက်မှုများ ဆောင်ရွက်နိုင်ရေးအတွက် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလတွင် လက်ထောက်ညွှန်ကြားရေးမှူးဦးစီး၍ အရာထမ်း(၄)ဦးအား စတင်စေလွှတ်ခဲ့ ပါသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၏ ယာယီရုံးအား အကွက်အမှတ် (၂၄)၊ ဆိပ်ကမ်းသာလမ်း၊ ဆန်းချီတိုးချဲ့ရပ်ကွက်၊ ထားဝယ်မြို့၊ သစ်တောဝန်ထမ်းအိမ်ရာ၌ဖွင့်လှစ်ခဲ့ပြီး ဖွဲ့စည်းတည်ဆောက်မှုနှင့် ရုံးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ဦးစီးဌာန၏ တိုင်းဒေသကြီးဦးစီးရုံးနေရာအား အကွက်အမှတ်(၄၉-အေ)၊ ကမ်းနားလမ်း၊ ကြက်စားပြင်ရပ်ကွက်၊ ထားဝယ်မြို့ရှိ မြန်မာ့သစ်လုပ်ငန်းမှ လွှဲပြောင်းရယူခဲ့သော (အမှတ်(၈၂) သစ်စက်ဝင်း(ဟောင်း))နေရာတွင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုဝန်ကြီးဌာန၊ ငွေလုံးငွေရင်း ဖြည့်စွက်ရန်ပုံငွေဖြင့် ဆောက်လုပ်ပြီးစီးခဲ့၍ (၂၇-၇-၂၀၁၄)ရက်နေ့တွင် ဦးစီးရုံးအဖြစ်ဖွင့်လှစ်၍ လုပ်ငန်းတာဝန်များ ထမ်းဆောင်လျက်ရှိပါသည်။

 

Office Address and Location Map: 
တနင်္သာရီတိုင်းဒေသကြီး
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး
အမှတ်(၄၉-အေ)၊ ကမ်းနားလမ်း၊ ကြက်စားပြင်ရပ်ကွက်၊
ထားဝယ်မြို့။
ဖုန်း - ၀၅၉-၂၃၅၂၇