
သစ်တောဦးစီးဌာန စတင်ပေါ်ပေါက်လာပုံနှင့် နောက်ခံသမိုင်း
တနင်္သာရီသစ်တောတိုင်းကို ၁၈၇၆ ခုနှစ်မှစ၍ တောင်တနင်္သာရီသစ်တောခရိုင်အဖြစ် ဖွဲ့စည်းခဲ့ပြီး ၁၉၂၇ ခုနှစ်တွင် ထားဝယ်နှင့် မြိတ်သစ်တောခရိုင်များအဖြစ် ခွဲခြားအုပ်ချုပ်ခဲ့ပါသည်။ ၁၉၃၂ ခုနှစ်တွင် အဆိုပါ ခရိုင်(၂)ခုကို ပေါင်းစည်း၍ ထားဝယ်သစ်တောခရိုင်ဟု ပြင်ဆင်ခေါ်ဝေါ်ခဲ့ပါသည်။
သစ်တောဦးစီးဌာနအနေဖြင့် ထားဝယ်သစ်တောခရိုင်ကို အုပ်ချုပ်ရေးစနစ်ဖြင့် လျော်ညီစွာဆောင်ရွက်နိုင်ရန် (၁.၆.၁၉၇၇)ခုနှစ်မှစ၍ တနင်္သာရီသစ်တောတိုင်းအဖြစ် ခေါ်ဝေါ်သုံးစွဲခဲ့ပါသည်။
လယ်ယာနှင့် သစ်တောဝန်ကြီးဌာန၏ ၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလ (၂၅)ရက်၊ ရက်စွဲပါ စာအမှတ်၊ ၁/၁၈၀(က)(၅/၁)၁၀၅၄/၈၈ အရ၊ သစ်တောဦးစီးဌာန၊ ဦးစီးရုံးချုပ်၏ ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလ(၁၂)ရက် အမိန့်ကြော်ငြာစာအမှတ်(၁၅၃)ဖြင့် တနင်္သာရီသစ်တောတိုင်းအား အဆင့်(ဂ)တိုင်းအဖြစ် သတ်မှတ်ခဲ့ပါသည်။
သစ်တောရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ၁၉၉၅ ခုနှစ်၊ မတ်လ (၁၄)ရက်နေ့စွဲပါ စာအမှတ်၊ (၁/၄၈)(င)(၃)/(၁၄၆/၉၅) အဖြစ် ပြန်လည်ပြင်ဆင်ဖွဲ့စည်းရာတွင် (၁.၄.၁၉၉၅)ရက်နေ့မှစ၍ တနင်္သာရီတိုင်းအား ထားဝယ်ခရိုင်၊ မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်ဟူ၍ ခရိုင်ရုံးများအဖြစ် အောက်ပါအတိုင်း သတ်မှတ်ဖွင့်လှစ်ခဲ့ပါသည်။
![]() ညွှန်ကြားရေးမှူးရုံး ရဲရိပ်သာလမ်း၊ မြောက်ရွာရပ်၊ ထားဝယ်မြို့။ ဖုန်း - ၀၅၉-၂၃၅၃၉ |
![]() လက်ထောက်ညွှန်ကြားရေးမှူးရုံး ရဲရိပ်သာလမ်း၊ မြောက်ရွာရပ်၊ ထားဝယ်မြို့။ ဖုန်း - ၀၅၉-၂၁၆၄၇ |
![]() လက်ထောက်ညွှန်ကြားရေးမှူးရုံး သိမ်တော်ကြီးဘုရားလမ်း၊ စျေးတန်းရပ်၊ မြိတ်မြို့။ ဖုန်း - ၀၅၉-၄၁၈၃၉ |
![]() လက်ထောက်ညွှန်ကြားရေးမှူးရုံး ဗိုလ်ချုပ်လမ်း၊ အေးမြကန်သာရပ်ကွက်၊ ကော့သောင်းမြို့။ ဖုန်း - ၀၅၉-၅၁၆၇၄ |
![]() ရဲရိပ်သာလမ်း၊ မြောက်ရွာရပ်၊ ထားဝယ်မြို့။ ဖုန်း - ၀၅၉-၂၁၂၃၀ |
![]() ဆေးရုံလမ်း၊ (ခ)ရပ်ကွက်၊ ရေဖြူမြို့။ ဖုန်း - ၀၅၉-၃၇၀၁၂ |
![]() အနောက်ပြင်လမ်း၊ (ဃ)ရပ်ကွက်၊ လောင်းလုံးမြို့။ ဖုန်း - ၀၅၉-၃၃၀၉၄ |
![]() ထားဝယ်-မြိတ်ကားလမ်း၊ မြို့မရပ်ကွက်၊ သရက်ချောင်းမြို့။ ဖုန်း - ၀၅၉-၃၅၀၂၃ |
![]() သိမ်တော်ကြီးဘုရားလမ်း၊ စျေးတန်းရပ်၊ မြိတ်မြို့။ ဖုန်း - ၀၅၉-၄၁၀၆၅ |
![]() သိမ်ဝ(၂)လမ်း၊ အမှတ်(၃)ရပ်ကွက်၊ ပုလောမြို့။ ဖုန်း - ၀၅၉-၃၀၁၇၄ |
![]() ဗိုလ်ချုပ်လမ်း၊ အမှတ်(၁)ရပ်ကွက်၊ ကျွန်းစုမြို့။ ဖုန်း - ၀၅၉-၆၂၀၁၈ |
![]() ချောင်းကြီးရပ်၊ တနင်္သာရီမြို့။ ဖုန်း - ၀၅၉-၅၅၀၁၉ |
![]() ဗိုလ်ချုပ်လမ်း၊ အေးမြကန်သာရပ်ကွက်၊ ကော့သောင်းမြို့။ ဖုန်း - ၀၅၉-၅၁၆၇၄ |
![]() ရတနာလမ်းသွယ်၊ အောင်မင်္ဂလာရပ်ကွက်၊ ဘုတ်ပြင်းမြို့။ ဖုန်း - ၀၅၉-၅၀၀၁၂ |