Follow Us

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန

Thu, 09/08/2016 - 11:46

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန စတင်ပေါ်ပေါက်လာပုံနှင့် နောက်ခံသမိုင်း     
       မြန်မာနိုင်ငံကို ဗြိတိသျှတို့ ဝင်ရောက်ခဲ့ပြီးနောက် ကိုလိုနီခေတ်(၁၈၆၁)ခုနှစ်မှစ၍ မြန်မာနိုင်ငံအောက်ပိုင်းတွင်ရှိသော အဆောက်အအုံများ ထိန်းသိမ်းခြင်းနှင့် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ပြည်သူ့လုပ်ငန်းဌာနကို စတင်ဖွဲ့စည်းခဲ့ပါသည်။ အဆိုပါ ကာလအတွင်း ဆည်မြောင်းလုပ်ငန်းများ တဖြည်းဖြည်းတိုးတက်လာခဲ့ပါသည်။
       မြန်မာနိုင်ငံအတွင်း ရွှေဘိုတွင် မူး၊ မန်တလေးတွင် ရွှေလောင်း၊ ရွှေတစ်ချောင်း၊ မုန်း၊ မန်း၊ စလင်းတူးမြောင်းများနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်တွင် ကြံခင်းတာ၊ မြန်အောင်တာ၊ ငဝန်တာ စသည့်ရေကာတာများသည် (၁၈၈၁)ခုနှစ်မှ (၁၉၁၇)ခုနှစ်အတွင်း အနှံအပြား ဖြစ်ပေါ်လာခဲ့ပါသည်။ ထို့အတူ ပဲခူး-စစ်တောင်း၊ တွံတေး-တူးမြောင်းများကိုလည်း တည်ဆောက်အကောင်အထည်ဖော်ခဲ့ပါသည်။
       အထက်တွင် ဖော်ပြခဲ့သော ပြည်သူ့လုပ်ငန်းဌာနကို (၁၉၁၇)ခုနှစ်တွင် အဆောက်အအုံနှင့် လမ်းဌာနခွဲနှင့် ဆည်မြောင်းဌာနခွဲဟူ၍ ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ဤကဲ့သို့ ပြင်ဆင်ဖွဲ့စည်းသော်လည်း သီးခြားရုံးခွဲခြင်းမပြုဘဲ၊ ဌာနအကြီးအကဲတစ်ဦးတည်းကသာ လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ (၁၉၂၉)ခုနှစ်တွင် အဆိုပါဌာနခွဲ(၂)ခုကို သီးခြားရုံးဖွင့်လှစ်စေပြီး ဌာနခွဲ(၁)ခုစီကိုလည်း အကြီးအကဲတစ်ဦးစီက တာဝန်ယူ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ (၁၉၂၉)ခုနှစ်မှစ၍ ဆည်မြောင်းဌာနခွဲအမည်ဖြင့် ဆည်မြောင်းလုပ်ငန်းများကို စတင်ဆောင်ရွက်နိုင်ခဲ့ပါသည်။
       ပထမကမ္ဘာစစ်ကြီးပြီးစကာလမှာ မြန်မာနိုင်ငံအတွင်းရှိ ဆည်မြောင်းလုပ်ငန်းများနှင့် လိုက်လျောညီထွေလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဆည်မြောင်းဌာနခွဲကိုလည်း အောက်မြန်မာပြည် ဆည်မြောင်း တိုင်း(၂)တိုင်း၊ အထက်မြန်မာပြည် ဆည်မြောင်းတိုင်း(၂)တိုင်း၊ စုစုပေါင်းတိုင်း(၄)တိုင်း ဖွဲ့စည်းပြီး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ (၁၉၃၀-၁၉၃၁)ခုနှစ် ကမ်ဘာ့သမိုင်းအရ၊ စီးပွားရေးကပ်ဆိုးကြီး ဖြစ်ပေါ်လာသည့်အခါ အထက်တွင် ဖွဲ့စည်းခဲ့သည့် တိုင်း(၄)တိုင်းကို အောက်မြန်မာပြည်အတွက် မြစ်ဝကျွန်းပေါ်တိုင်းနှင့် အထက်မြန်မာပြည်အတွက် ဆည်မြောင်းတိုင်းဟူ၍ တိုင်း(၂)တိုင်းလျော့ချကာ၊ ခရိုင်(၉)ခရိုင်ဖြင့် ဆည်မြောင်းလုပ်ငန်းများကို ဆောင်ရွက်စေခဲ့ပါသည်။ ဒုတိယကမ်ဘာစစ်ကြီးဖြစ်ပွားသည့်အချိန်တွင် ကိုလိုနီဗြိတိသျှတို့သည် မြန်မာနိုင်ငံမှဆုတ်ခွာပြီး မြန်မာနိုင်ငံအစိုးရကို အိန်ဒိယနိုင်ငံတွင်ထားရှိချိန်၌ ဆည်မြောင်းဌာနခွဲကိုလည်း လယ်ယာနှင့် ကျေးလက်စီးပွားရေးဌာနခွဲအောက်တွင် ထားရှိခဲ့ပါသည်။ (၁၉၄၈)ခုနှစ်၊ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးသည့်နောက် (၁၉၆၆)ခုနှစ်မှစ၍ လယ်ယာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိဆည်မြောင်းလုပ်ငန်းများ ပြုပြင်ထိန်းသိမ်းခြင်းသာမကဘဲ၊ ဆည်မြောင်းစီမံကိန်းလုပ်ငန်းများကိုလည်း တိုးချဲ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါသည်။
       (၁၉၇၂)ခုနှစ်၊ လယ်ယာနှင့် သစ်တောဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန/ကော်ပိုရေးရှင်းများ ပြန်လည်ဖွဲ့စည်းရာတွင် မြေယာကျေးလက်တိုးတက်ဖွံ့ဖြိုးရေးကော်ပိုရေးရှင်း (မြေကျေးရှင်း)နှင့် လယ်ယာမြေတိုးချဲ့ရေးဌာနစုတို့ကို ဆည်မြောင်းဌာနခွဲနှင့် ပူးပေါင်းစေပြီး၊ ဆည်မြောင်းလုပ်ငန်းများကို ဆည်မြောင်းဦးစီးဌာနအမည်ဖြင့် ဆောင်ရွက်ခဲ့ပါသည်။ အချုပ်အားဖြင့် မြန်မာနိုင်ငံတွင် ဆည်မြောင်းလုပ်ငန်းများကို (၁၉၂၉) ခုနှစ်တွင် ဆည်မြောင်းဌာနခွဲအမည်ဖြင့် ဆောင်ရွက်ခဲ့ပြီး (၁၉၇၂)ခုနှစ်တွင်မှသာ ဆည်မြောင်းဦးစီးဌာနအမည်ဖြင့် ဆည်မြောင်းလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိပါကြောင်း မှတ်တမ်းပြုစုတင်ပြအပ်ပါသည်။ 
      တနင်္သာရီတိုင်းအတွင်း ဆည်မြောင်းဦးစီးဌာနအဖြစ် (၁၉၇၂-၁၉၇၃)ခုနှစ်တွင် ထားဝယ်မြို့နယ်၊ ဆည်မြောင်းဦးစီးဌာနရုံး ဖွင့်လှစ်၍ ဆည်မြောင်းလုပ်ငန်းတာဝန်များ စတင်ဆောင်ရွက်ပေးလျှက်ရှိပါသည်။လယ်ယာစိုက်ရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ (၂၈-၄-၂၀၁၅) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်- (၁၃/၂၀၁၅) အရ ၂၀၁၅ ခုနှစ်၊ မေလ (၁)ရက်နေ့မှစ၍ ဆည်မြောင်းဦးစီးဌာနနှင့် ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာနတို့ ပူးပေါင်းပြီး၊ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့စ၍ ပြောင်းလဲပြင်ဆင်ဖွဲ့စည်းသည့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအမည်ဖြင့် ဆောင်ရွက်လျှက်ရှိပါသည်။

Office Address and Location Map: 

တိုင်းဒေသကြီးရေအသုံးချမှုစီမံခန့်ခွဲရေး
ဦးစီးဌာန
မင်္ဂလာသီတာလမ်း၊ ဝဲကျွန်းထိန်လယ်ရပ်၊
ထားဝယ်မြို့။
ဖုန်း - ၀၅၉-၂၁၇၁၃၊ ၀၅၉-၂၁၇၁၄

ထားဝယ်ခရိုင်ရေအသုံးချမှု
စီမံခန့်ခွဲရေးဦးစီးဌာန
မင်္ဂလာသီတာလမ်း၊ ဝဲကျွန်းထိန်လယ်ရပ်၊
ထားဝယ်မြို့။ 
ဖုန်း - ၀၅၉-၂၃၅၆၉

မြိတ်ခရိုင်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန
တိုင်းရုံးလမ်း၊ အေးချမ်းသာယာရပ်ကွက်၊
မြိတ်မြို့။
ဖုန်း - ၀၅၉-၄၁၀၉၃

ကော့သောင်းခရိုင်ရေအသုံးချမှု
စီမံခန့်ခွဲရေးဦးစီးဌာန
မြရည်ပုလဲလမ်း၊ ရွှေဇင်ယော်
ရပ်ကွက်၊ကော့သောင်းမြို့။
ဖုန်း - ၀၅၉-၅၁၆၇၃

သရက်ချောင်းမြို့နယ်ရေအသုံးချမှု
စီမံခန့်ခွဲရေးဦးစီးဌာန
မော်ရှည်ကုန်းရပ်ကွက်၊ထားဝယ်-
 မြိတ်လမ်းမကြီး၊သရက်ချောင်းမြို့နယ်။
ဖုန်း - ၀၉-၄၉၈၆၈၄၆၉

လောင်းလုံးမြို့နယ်ရေအသုံးချမှု
စီမံခန့်ခွဲရေးဦးစီးဌာန 
(က)ရပ်ကွက်၊ ဆေးရုံဝင်းဟောင်းလမ်း၊
လောင်းလုံးမြို့နယ်။
ဖုန်း - ၀၉၄၉၈၆၈၄၇၁

 

သရက်ချောင်းမြို့နယ်ရေအသုံးချမှု
စီမံခန့်ခွဲရေးဦးစီးဌာန
မော်ရှည်ကုန်းရပ်ကွက်၊ ထားဝယ်-
မြိတ်လမ်းမကြီး၊
သရက်ချောင်းမြို့နယ်။
ဖုန်း - ၀၉-၄၉၈၆၈၄၆၉

ပုလောမြို့နယ်ရေအသုံးချမှု
စီမံခန့်ခွဲရေးဦးစီးဌာန
အမှတ်(၂)ရပ်ကွက်၊ တိုးချဲ့(၆)လမ်း၊
ပုလောမြို့နယ်။
ဖုန်း - ၀၅၉-၃၀၂၅၄

 

ကျွန်းစုမြို့နယ်ရေအသုံးချမှု

စီမံခန့်ခွဲရေးဦးစီးဌာန
မြို့မရပ်ကွက်၊ ကျွန်းစုမြို့နယ်။

တနင်္သာရီမြို့နယ်ရေအသုံးချမှု
စီမံခန့်ခွဲရေးဦးစီးဌာန
ချောင်းကြီးရပ်ကွက်၊ ပလမ်း၊ တနင်္သာရီမြို့နယ်။

 

ဘုတ်ပြင်းမြို့နယ်ရေအသုံးချမှု
စီမံခန့်ခွဲရေးဦးစီးဌာန 
အောင်မင်္ဂလာရပ်ကွက်၊ ရုံးများလမ်း၊
ဘုတ်ပြင်းမြို့နယ်။