Follow Us

လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့

Thu, 09/08/2016 - 11:46

 အမှတ်(၁၀)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(ထားဝယ်)စတင်ပေါ်ပေါက်လာပုံနှင့် နောက်ခံသမိုင်း
    မြန်မာနိုင်ငံသည် ၂၀၀၄ ခုနှစ်တွင် ကုလသမဂ္ဂလူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ကွန်ဗင်းရှင်းတွင် အဖွဲ့ဝင်အဖြစ်ဝင်ရောက်ခဲ့ပြီးနောက် ၂၀၀၅ ခုနှစ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေအား စတင်ပြဌာန်းခဲ့ပါသည်။ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပြဌာန်းပြီးနောက် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးလုပ်ငန်းများအား ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် လူကုန်ကူးမှုဖြစ်ပွားမှုများပြားသောမြို့ကြီးများနှင့် နယ်စပ်မြို့(၉)မြို့တွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအထူးအဖွဲ့(၉)ဖွဲ့တို့အား ၁-၁-၂၀၀၆ ရက်နေ့မှစတင်ဖွဲ့စည်းခဲ့ရာ ကော့သောင်းလူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအထူးအဖွဲ့ ပါဝင်ခဲ့ပါသည်။ ထို့အပြင် လူကုန်ကူးသူများ ဖြတ်သန်းသွားလာရာလမ်းကြောင်းများတွင် ထပ်မံဖွဲ့စည်းရန်လိုအပ်ချက်အရ (၉)နေရာ၌ ၂၀၀၇ ခုနှစ်တွင် ထပ်မံတိုးချဲ့ဖွဲ့စည်းခဲ့ရာ မြိတ်လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအထူးအဖွဲ့ ပါဝင်ခဲ့ပါသည်။
    တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသည် မြိတ်မြို့တွင် အခြေစိုက်ခဲ့ရာမှ ၂၀၁၁ ခုနှစ်တွင် ထားဝယ်မြို့သို့ ပြောင်းရွှေ့ခဲ့ရာ မြိတ်လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအထူးအဖွဲ့သည်လည်း ထားဝယ်မြို့သို့ ပြောင်းရွှေ့ခဲ့ရပါသည်။ ၂၄-၁-၂၀၁၃ ရက်နေ့တွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့အား ဖွဲ့စည်းပုံဖြင့် ဖွဲ့စည်းပြီး၍ လူကုန်ကူးမှုတားဆီးနှိမ် နင်းရေးအထူးအဖွဲ့များအား တပ်ဖွဲ့စု/တပ်ဖွဲ့စိတ်များအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ရာ အမှတ်(၁၀)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(ထားဝယ်)နှင့် ၄င်းလက်အောက်တွင် အမှတ်(၁)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်(မြိတ်)၊ အမှတ်(၂)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်(ကော့သောင်း)တို့အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ 

 

Office Address and Location Map: 
အမှတ်(၁၀)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု
အာဇာနည်လမ်း၊ မြို့တွင်းရပ်၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ပိုင် ပုလဲရဲရိပ်သာဝန်း၊
တိုင်းဒေသကြီးလွှတ်တော်ရုံးရှေ့၊ ထားဝယ်မြို့
                              ဖုန်း - ၀၅၉-၂၁၃၈၅
အမှတ်(၁)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်
ကန်ဖျားရပ်၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးဝန်း၊ မြိတ်မြို့
ဖုန်း - ၀၉၂၅၅၇၀၉၀၁၇
အမှတ်(၂)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်
မြို့မရဲစခန်းဝန်း၊ (၂)မိုင်ရပ်၊ ကော့သောင်းမြို့
ဖုန်း - ၀၅၉၅၁၉၈၁