Follow Us

အမှတ်(၂)သတ္တုတွင်းလုပ်ငန်း

Wed, 12/21/2016 - 10:34

Vertical Tabs

About Topic

လုပ်ငန်းတာဝန်များ

      ဝန်ကြီးဌာန၏လမ်းညွှန်ချက်နှင့်အညီ ထုတ်လုပ်မှုစီမံကိန်းရည်မှန်းချက်များ ပြည့်စေရန် ကြီးကြပ်အကောင်အထည်ဖော်ခြင်း၊ ဌာနလက်အောက်ရှိ သတ္တုတွင်းစီမံကိန်းများ၊သန့်စင်စက်ရုံနှင့် ဖက်စပ်လုပ်ငန်းများ၏ သတ္တုထုတ်လုပ်ရေး ကျိုချက်သန့်စင်ရေး လုပ်ငန်းများ အောင်မြင်စေရန်ကြီးကြပ်ခြင်း၊ ဖက်စပ်လုပ်ငန်းများအားလုံးကို သတ်မှတ် လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့် အညီ လိုက်နာဆောင်ရွက်စေရန် ကြီးကြပ်ခြင်း၊ ရရန်ရှိသတ္တုအချိုး ပြည့်မီစွာရရှိရေးစီမံခြင်း၊ ဝန်ထမ်းဆိုင်ရာဘဏ္ဍာရေးနှင့် စီမံ ခန့်ခွဲမှုကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိပါသည်။

ဦးစီးဌာန၏လုပ်ငန်းနှင့် အကြောင်းအရာအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ထုံးလုပ်နည်းများ

     သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ အမှတ်(၂)သတ္တုတွင်းလုပ်ငန်းသည် တနင်္သာရီတိုင်းဒေသကြီး အတွင်းတွင် ခဲမဖြူ၊ အဖြိုက်နက်၊ ရောရာသတ္တုအကြီးစား၊ အသေးစား စမ်းသပ်တိုင်းတာခွင့်၊ ထုတ်လုပ်ခွင့်များကို တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ သဘောထားမှတ်ချက်ဖြင့် ပြည်ထောင်စုသယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးမှတဆင့် သက်ဆိုင်ရာပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် စသဖြင့်တင်ပြခြင်း၊ ခွင့်ပြုခြင်းများ ဆောင်ရွက် လျက်ရှိပါသည်။ သတ္တုစမ်းသပ်တိုင်းတာ၊ ထုတ်လုပ်ခွင့်များကို ထို့သို့ခွင့်ပြုဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် သဘောထားမှတ်ချက်ပေးရာတွင် သက်ဆိုင်ရာလယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ အမှတ်(၂) သတ္တုတွင်းလုပ်ငန်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အခြားလိုအပ်သော သက်ဆိုင်ရာဌာနများ၏ သဘောထားမှတ်ချက်များကို စိစစ်ပြီး ဆက်လက်ပေးပို့လျက်ရှိပါသည်။ 
     မြန်မာ့သတ္တုတွင်းဥပဒေအရ ခွင့်ပြုမိန့်များထုတ်ပေးလျက်ရှိရာတွင် ဓါတ်သတ္တုရှာဖွေခြင်း၊ စမ်းသပ်တိုင်းတာခြင်း၊ အကြီးစားထုတ်လုပ်ခြင်း အသေးစားထုတ်လုပ်ခြင်း၊ လက်လုပ်လက်စားထုတ်လုပ်ခြင်းတို့ကို ခွင့်ပြုနိုင်သော်လည်း တနင်္သာရီတိုင်း ဒေသကြီးအတွင်း လက်လုပ်လက်စားထုတ်လုပ်ခြင်းကို ခွင့်ပြုထားခြင်း မရှိသေးကြောင်း တွေ့ရှိရပါသည်။ 
    သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ အမှတ်(၂)သတ္တုတွင်းလုပ်ငန်းသည် ထုတ်လုပ်မှုကို အချိုးခွဲဝေ ခံစားသည့်စနစ်ဖြင့် လုပ်ငန်းအဆိုပြုလွှာတင်ပြရာတွင် အောက်ဖော်ပြပါလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိပါသည်။

 

Office Address and Location Map
Location Map: