Follow Us

ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန

Thu, 09/08/2016 - 11:43

ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၏ နောက်ခံသမိုင်း

   မြန်မာနိုင်ငံတွင် ၁၉၆၂ ခုနှစ်မတိုင်မှီက ပုဂ္ဂလိကခရီးသွားလုပ်ငန်း (၁၅)ခု၊ ဟိုတယ် (၆)လုံးရှိခဲ့ပါသည်။ ၁၉၆၄ ခုနှစ်တွင် ပုဂ္ဂလိကလုပ်ငန်းများ နိုင်ငံပိုင်ပြုလုပ်ခဲ့ရာ ခရီးသွားလုပ်ငန်းများလည်း ပါဝင်ခဲ့ပါသည်။ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းအား ၁၉၆၅ ခုနှစ်၊ ဒီဇင်ဘာ(၂၀)ရက်နေ့တွင် ကုန်သွယ်ရေးကော်ပိုရေးရှင်း အမှတ်(၂၀) (ဟိုတယ်နှင့်ခရီးသွားလာရေးကော်ပိုရေးရှင်း)အဖြစ် တည်ထောင်ဖွဲ့စည်းခဲ့ပါသည်။ စတင်ဖွဲ့စည်းရာတွင် အင်းယားကန်ဟိုတယ်၊ ကမ်းနားဟိုတယ်၊ တောင်ကြီးဟိုတယ်၊ ငပလီဟိုတယ်၊ မြန်မာ့ခရီးသွားလုပ်ငန်း (Tourist Burma) တို့ကို လွှဲပြောင်းရယူ၍ လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ပါသည်။ ၁၉၈၇ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင် ဟိုတယ်နှင့် ခရီးသွားကော်ပိုရေးရှင်း (Hotel & Tourist Corporation) အမည်ဖြင့် ပြောင်းလဲသတ်မှတ်ဖွဲ့စည်းခဲ့ပါသည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့လက်ထက် ၁၉၈၉ ခုနှစ်၊ မတ်လ(၃၁)ရက်တွင် မြန်မာ့ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဟု ပြင်ဆင်ခေါ်တွင်ခဲ့ပါသည်။

Office Address and Location Map: 

ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန
တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး
အမှတ်(၁၃၅)၊ စျေးတောင်ဘက်လမ်း၊ ဇရစ်ရပ်၊ 
ထားဝယ်မြို့။ 
ဖုန်း - ၀၅၉-၂၁၀၉၈၊ ၀၅၉-၂၁၂၃၁

 

ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှုဦးစီးဌာန
မြိတ်(မောတောင်)ရုံးခွဲ
ကန်ဖျားလမ်းမကြီး၊ ဘုရားကိုးဆူလမ်းဆုံ၊ 
မြိတ်မြို့။
ဖုန်း - ၀၅၉-၄၁၀၃၇
ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှုဦးစီးဌာန
ကော့သောင်းရုံးခွဲ
စုပေါင်းရုံးလမ်း၊ အဏ္ဏဝါရပ်ကွက်၊
ကော့သောင်းမြို့။
ဖုန်း - ၀၅၉-၅၁၅၇၈