Follow Us

မီးသတ်ဦးစီးဌာန

Thu, 09/08/2016 - 11:31

မီးသတ်ဦးစီးဌာနစတင်ဖြစ်ပေါ်လာပုံနှင့် နောက်ခံသမိုင်း     

       သမိုင်းမှတ်တမ်းများအရ ပုဂံခေတ်၊ အနော်ရထာမင်းစော၊ အေဒီ(၁၀၄၄-၁၀၇၇) လက်ထက်ကပင်''မီးတပ်သား" (၆၆၃)ဦး (သောသောညံပုဂံမီးဆော်မောင်း) ခန့်ထားပြီး ပုဂံနေပြည်တော်၏ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ ရှေးခေတ်မြန်မာမင်းအဆက်ဆက်လက်ထက်တွင်လည်း မီးဘေးကာကွယ်ရေးအမိန့် ပြန်တမ်းများထုတ်ပြန်ပြီး နိုင်ငံတော်မီးဘေးကာကွယ်ရေးလုပ်ငန်းများ ဆောက်ရွက်ခဲ့ကြသည့် အထောက်အထားများရှိပါသည်။ 
    ပထမဦးဆုံးသော ရန်ကုန်မြူနီစပယ်မီးသတ်ကို ၁၈၈၅ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ၁၉၃၂ ခုနှစ်၊ ရန်ကုန်မြူနီစပယ်အက်ဥပဒေအရ စေတနာ့ဝန်ထမ်းမီးသတ်အဖွဲ့အစည်းကို စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ(၃)ရက်နေ့တွင် ပညာရေးနှင့် ဒေသန္တရအုပ်ချုပ်ရေးဌာန၏အမိန့်အရ မီးဘေးတားဆီးရေးနှင့် မီးဘေးကာကွယ်ရေးကိစ္စရပ်များကို ဆောင်ရွက်ရန် မီးသတ်ဦးစီးဌာနကို မီးသတ်ညွှန်ကြားရေးဝန်အပါအဝင် အရာထမ်း အမှုထမ်း(၂၁)ဦးတို့ဖြင့် ဖွဲ့စည်းခဲ့ပါသည်။ ၁၉၅၂ ခုနှစ်၊ မတ်လ(၂၈)ရက်နေ့တွင် မီးသတ်ဝန်ထမ်းအက်ဥပဒေ အမှတ်(၆)ပြဌာန်းပြီး ပြည်ထဲရေးဝန်ကြီးဌာနအထွေထွေဌာနခွဲ နိုင်ငံတော်အစိုးရ မီးသတ်ဌာနတွင် ဝန်ထမ်း(၆၃၆)ဦးဖြင့် ဖွဲ့စည်းခဲ့ပါသည်။ 
    ၁၉၆၃ခုနှစ် တော်လှန်ရေးကောင်စီလက်ထက်တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်အမှတ်(၅၅)အရ ၁၉၆၃ ခုနှစ်၊ မီးသတ်တပ်ဖွဲ့အက်ဥပဒေကို အသစ်ထုတ်ပြန်ပြဌာန်းပြီး မီးသတ်တပ်ဖွဲ့ကို အခြားလက်နက်ကိုင်တပ်ဖွဲ့များကဲ့သို့ စည်းကမ်းသေဝပ်သော အဖွဲ့အစည်းတစ်ခုဖြစ်လာစေရန် ရည်မှန်းချက်ဖြင့် မီးသတ်အဖွဲ့အစည်းကို 'တပ်ဖွဲ့' အသွင် ဖွဲ့စည်းဆောင်ရွက်စေခဲ့ပါသည်။ ဤဥပဒေပုဒ်မ(၂၃)အရ ၊ ရန်ကုန်မြူနီစပယ်နှင့် အခြားဒေသန္တရမီးသတ်အဖွဲ့များနှင့် မန္တလေးမြူနီစပယ်မီးသတ်ဝန်ထမ်းများကို အစိုးရမီးသတ်ဌာနတွင် ၁၉၆၃ ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့တွင် လွှဲပြောင်းယူခဲ့ပြီး ဝန်ထမ်းအင်အား(၁၃၅၀)ဦးရှိလာခဲ့ပါသည်။ ထိုအပြင် အကွဲကွဲပြားပြားဖြစ်နေသော စေတနာ့ဝန်ထမ်းမီးသတ်အဖွဲ့အစည်းအမျိုးမျိုးကိုလည်း အရန်မီးသတ်တပ်ဖွဲ့အဖြစ်သို့လည်းကောင်း၊ အချို့သော အစိုးရဌာနဘုတ်ကော်ပိုရေးရှင်းရှိ မီးသတ်အဖွဲ့များကို "သီးသန့်" မီးသတ်တပ်ဖွဲ့အဖြစ်သို့လည်းကောင်း ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

    ၁၉၇၂ ခုနှစ် စနစ်သစ်အုပ်ချုပ်ရေးဖော်ထုတ်မှုအစီအစဉ်အရ အခြားဌာနများမှ ဝန်ထမ်း(၄၄၈)ဦး ပြောင်းရွှေ့ရောက်ရှိလာရာ ဝန်ထမ်းအင်အား(၁၇၉၈)ဦးထိ တိုးတက်လာခဲ့ပြီး ၂၄ နာရီ တာဝန်ထမ်းဆောင်သည့် မီးသတ်ပ်ဖွဲ့ဖြစ်လာခဲ့ပါသည်။ ၁၉၈၀ ပြည့်နှစ် ဧပြီလ(၁)ရက်နေ့မှ စတင်၍ ရိက္ခာငွေများ စတင်ခံစားခွင့်ရရှိခဲ့ပါသည်။ 
    နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့လက်ထက် ၁၉၉၁ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ ဖွဲ့စည်းပုံကို(၂၅၈၁)ဦးအထိ အင်အားတိုးချဲ့ ဖွဲ့စည်းခဲ့ပြီး ၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၀)ရက်နေ့တွင် မီးသတ်လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန် ပြည်ထဲရေးနှင့်သာသနာရေးဌာနမှ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့ ခဲ့ပါသည်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေး ကောင်စီလက်ထက် ၁၉၉၈ ခုနှစ်၊ ဧပြီလ(၃၀)ရက်နေ့တွင် အရာထမ်း၊ အမှုထမ်း(၈၈၂)ဦး ပါဝင်သော ဗဟိုမီးသတ်သင်တန်းကျောင်းကြီးကို ဖွင့်လှစ်စေခဲ့ရာ စုစုပေါင်းဖွဲ့စည်းပုံအင်အား(၃၄၀၃)ဦးရှိလာခဲ့ပါသည်။
    ၂၀၀၅ခုနှစ် ၊ ဒီဇင်ဘာလ(၂၉)ရက်နေ့တွင် နေပြည်တော်ခရိုင်အတွက် အရာထမ်း(၄)ဦး၊ အမှုထမ်း(၂၃)ဦး၊ ပေါင်း(၂၇)ဦး ထပ်မံတိုးချဲ့ ခဲ့သဖြင့် စုစုပေါင်း(၃၄၃၀)ဦးရှိလာခဲ့ပြီး ၂၀၀၆ ခုနှစ်၊ နိုဝင်ဘာလ (၉)ရက်နေ့ တွင် အရာထမ်း (၁၃)ဦး ၊အမှုထမ်း (၁၇၅)ဦး ၊ ပေါင်း(၁၈၈)ဦး ထပ်မံခွင့်ပြုခဲ့ရာ စုစုပေါင်း(၃၆၁၈)ဦး ရှိလာခဲ့ပါသည်။ ၂၀၀၈ ခုနှစ်၊ ဧပြီလ (၁၀)ရက်နေ့တွင် ဖွဲ့စည်းပုံမရှိသော မြို့နယ်များနှင့် (၂)ယူနစ်အဆင့်ရှိ မီးသတ်စခန်းများအား(၃)ယူနစ်စခန်းတိုးချဲ့ ဖွင့်လှစ်ရန် (၁၁၆) မြို့ နယ်တွင် တစ်မြို့နယ် အမှုထမ်း(၁၀)ဦးနှုန်းဖြင့် တိုးချဲ့ ဖွဲ့စည်းခဲ့သဖြင့် အင်အား(၁၁၆၀)ဦးတိုးလာပြီး၊ စုစုပေါင်း(၄၇၇၈)ဦးဖြစ် လာခဲ့ပါသည်။ ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ(၁၄)ရက်နေ့တွင် အရာထမ်း(၁၇၄)ဦး၊ အမှုထမ်း(၆၉၉၄)ဦးပါဝင်သော ဖွဲ့စည်းပုံအား အတည်ပြုခဲ့သဖြင့် စုစုပေါင်းဖွဲ့စည်းပုံအရ ခွင့်ပြုအင်အား(၇၁၆၃)ဦး ဖြစ်လာခဲ့ပြီး မီးသတ်တပ်ဖွဲ့၏ လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။ 
    မီးသတ်ဦးစီးဌာနအား ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ(၆)ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်သို့ ထပ်မံပြောင်းရွှေ့ ခဲ့ပါသည်။ 

Office Address and Location Map: 

တနင်္သာရီတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံး
မြို့ပတ်လမ်း၊ ပိန္နဲတောရပ်ကွက်၊ ထားဝယ်မြို့
ဖုန်း - ၀၅၉-၂၃၈၇၁
      ၀၅၉-၂၂၆၀၀

ထားဝယ်ခရိုင်မီးသတ်ဦးစီးမှူးရုံး
မြို့ပတ်လမ်း၊ ပိန္နဲတောရပ်ကွက်၊ ထားဝယ်မြို့
ဖုန်း - ၀၅၉-၂၁၀၁၇

မြိတ်ခရိုင်မီးသတ်တပ်ဖွဲ့စခန်း
ဗဟိုလမ်း၊ မြစ်ငယ်ရပ်ကွက်၊ မြိတ်မြို့
ဖုန်း - ၀၅၉-၄၁၀၅၉
      ၀၅၉-၄၂၉၉၆

ကော့သောင်းခရိုင်မီးသတ်တပ်ဖွဲ့စခန်း
မြသီတာလမ်း၊ ဘုရင့်နောင်ရပ်ကွက်၊ ကော့သောင်းမြို့
ဖုန်း - ၀၅၉-၅၂၀၀၇
      ၀၉-၄၁၀၀၅၅၆၇

ထားဝယ်မြို့နယ်မီးသတ်ဦးစီးမှူးရုံး
မြို့ပတ်လမ်း၊ ပိန္နဲတောရပ်ကွက်၊ ထားဝယ်မြို့
ဖုန်း - ၀၅၉-၂၁၀၁၇

ရေဖြူမြို့နယ်မီးသတ်ဦးစီးမှူးရုံး
ကျောက်ထောင့်လမ်း၊ (ခ)ရပ်ကွက်၊ ရေဖြူမြို့
ဖုန်း - ၀၉-၄၂၂၁၉၁၃၉၄

လောင်းလုံးမြို့နယ်မီးသတ်ဦးစီးမှူးရုံး
ထားဝယ်-လောင်းလုံးကားလမ်း၊ သဗျာကျေးရွာ၊ လောင်းလုံးမြို့
ဖုန်း - ၀၉-၄၉၈၆၇၃၁၁

သရက်ချောင်းမြို့နယ်မီးသတ်ဦးစီးမှူးရုံး
ထားဝယ်-မြိတ်ကားလမ်း၊ မြို့မရပ်ကွက်၊ သရက်ချောင်းမြို့
ဖုန်း - ၀၅၉-၃၅၂၄၇

မြိတ်မြို့နယ်မီးသတ်တပ်ဖွဲ့စခန်း
ဗဟိုလမ်း၊ မြစ်ငယ်ရပ်ကွက်၊ မြိတ်မြို့
ဖုန်း - ၀၅၉-၄၁၀၅၉
      ၀၅၉-၄၂၉၉၆

ပုလောမြို့နယ်မီးသတ်တပ်ဖွဲ့စခန်း
အားကာတိုးချဲ့လမ်း၊ အမှတ်(၂)ရပ်ကွက်၊ ပုလောမြို့
ဖုန်း - ၀၅၉-၃၀၀၁၇

ကျွန်းစုမြို့နယ်မီးသတ်တပ်ဖွဲ့စခန်း
ပုန်းညှက်မြိုင်လမ်း၊ အမှတ်(၂)ရပ်ကွက်၊ ကျွန်းစုမြို့
ဖုန်း - ၀၅၉-၆၂၁၂၇
တနင်္သာရီမြို့နယ်မီးသတ်တပ်ဖွဲ့စခန်း
ကမ်းနားလမ်း၊ ချောင်းကြီးရပ်ကွက်၊ တနင်္သာရီမြို့
ဖုန်း - ၀၅၉-၅၅၀၃၁ 
      ၀၉-၄၉၈၉၉၀၉၈
ကော့သောင်းမြို့နယ်မီးသတ်တပ်ဖွဲ့စခန်း
မြသီတာလမ်း၊ ဘုရင့်နောင်ရပ်ကွက်၊ ကော့သောင်းမြို့
ဖုန်း - ၀၅၉-၅၂၀၀၇
      ၀၉-၄၁၀၀၅၅၆၇
ဘုတ်ပြင်းမြို့နယ်မီးသတ်တပ်ဖွဲ့စခန်း
ရုံးလမ်း၊ အောင်မင်္ဂလာရပ်ကွက်၊ ဘုတ်ပြင်းမြို့
ဖုန်း -    ၀၅၉-၅၀၀၄၂ 
         ၀၉-၄၉၉၀၂၅၀၄