Follow Us

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း

Wed, 11/30/2016 - 17:55

Vertical Tabs

About Topic

ဌာန၏လုပ်ငန်းတာဝန်များ

(က)လျှပ်စစ်စွမ်းအားဦးစီးဌာနက လျှပ်စစ်စွမ်းအားကဏ္ဍနှင့် သက်ဆိုင်သော သတင်းအချက်အလက်နှင့် စာရင်းအင်းများကို ပြုစုပေးခြင်း။
(ခ)ဓာတ်အားစနစ်ပြင်ပတွင်ရှိသည့် မိမိလုပ်ငန်းဌာနပိုင် အသေးစားရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ ဒီဇယ်ဓာတ်အားပေးစက်ရုံများနှင့် အနာဂတ်တွင်ဖြစ်ပေါ်လာမည့်ဓာတ်အားစနစ်နှင့် ဆက်သွယ်ထားခြင်းမရှိသော မိမိ ဒေသအတွင်း သီးခြားဓာတ်အားဖြန့်ဖြူးပေးမည့် ဓာတ်အားပေးစက်ရုံများ၏ တည်ဆောက်ရေးလုပ်ငန်း၊ ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်း။
(ဂ)မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းနှင့် ပြည်တွင်းပြည်ပ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ အိမ်နီးချင်းနိုင်ငံများမှ လျှပ်စစ်ဓာတ်အားဝယ်ယူခြင်း။
(ဃ)မိမိတာဝန်ယူရသော ဒေသအသီးသီးတွင် ဓာတ်အားသုံးသူပြည်သူလူထုနှင့် နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင်စက်ရုံများနှင့် လုပ်ငန်းများ၊ စက်မှုဇုံများသို့ ဓာတ်အားဖြန့်ဖြူးရောင်းချခြင်း။
(င)ဝန်ကြီးဌာန သတ်မှတ်ပေးသော ဓာတ်အားထုတ်လုပ်ခြင်း၊ ဓာတ်အားဖြန့်ဖြူးရောင်းချခြင်းနှင့်စပ်လျဉ်းသည့် လျာထားချက်များ ပြည့်မီအောင်အကောင်အတည်ဖော် ဆောင်ရွက်ခြင်း။
(စ)အထက်ပါအပိုဒ် (က) မှ (င) အထိ ပါဝင်သော လုပ်ငန်းသတ်မှတ်ချက်များ၌ အနာဂတ်တွင် အကျုံးဝင်လာမည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း။
(ဆ)ဓာတ်အားဖြန့်ဖြူးရေးစီမံကိန်းများရေးဆွဲအကောင်အထည်ဖော်ခြင်း။
(ဇ)နှစ်စဉ် ရသုံးခန့်မှန်းခြေငွေစာရင်းများပြုစုခြင်း။
(စျ)ဓာတ်အားသုံးစွဲသူများသို့ အရည်အသွေးပြည့်မီတည်ငြိမ်သော ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် စီစဉ်ခြင်း။
(ည)နည်းပညာဆိုင်ရာလျှပ်စစ်စွမ်းအားပျောက်ဆုံးမှု ( Technical  Loss ) လျှပ်စစ်မီတာ (kWh  Meter) များ၏ ချို့ယွင်းမှုတို့ကြောင့် ဖြစ်ပေါ်သောလျှပ်စစ်စွမ်းအား ပျောက်ဆုံးမှု၊ မသမာမှု၊ ပေါ့ဆမှုတို့ကြောင့် ဖြစ်ပေါ်သော လျှပ်စစ်စွမ်းအားပျောက်ဆုံးမှု ( Non   TechnicalLoss )တို့ လျော့နည်းအောင် ကြပ်မတ်ဆောင်ရွက်ခြင်း။
(ဋ)အများပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် လျှပ်စစ်အသိပညာရရှိရေးတို့အတွက် ပညာပေးဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း။
(ဌ)လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းနှင့် ပတ်သက်၍ ပုံမှန်မဟုတ်သောအခြေအနေများဖြစ်ပေါ်လာပါက အများပြည်သူများသို့ အချိန်နှင့်တပြေးညီ သိရှိရေးအတွက် မြို့နယ်၊ ရပ်ကွက်များအထိ အသံချဲ့စက်များဖြင့် ကြေညာခြင်း၊  သတင်းစာနှင့် ရုပ်မြင့်သံကြားတို့မှ တဆင့်အသိပေးကြေညာခြင်း။

ဌာန၏လုပ်ထုံးလုပ်နည်းများ

    အိမ်သုံးမီတာ၊ CT မီတာ၊ ပါဝါမီတာနှင့် ထရန်စဖော်မာများ လျှောက်ထားလာပါက အမြန်ဆုံးဆောင်ရွက်ပေးလျက်ရှိပြီး၊ လိုအပ်သော စာရွက်စာတမ်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
(က) CT မီတာ / ပါဝါမီတာ လျှောက်ထားမှု
     (၁) ကာယံကံရှင်၏ လျှောက်လွှာမူရင်း
     (၂) လျှပ်စစ်ပုံစံ (က) နှင့် (ခ)
     (၃) အသုံးပြုမည့် ဝန်အားစာရင်း
     (၄) ဓာတ်အားလိုင်းဆက်သွယ်မည့် ၄၀၀ ဗို့လိုင်းများပုံ
     (၅) လျှပ်စစ်ပုံစံ (၁၆)
     (၆) ငွေသင့်တောင်းခံလွှာ မိတ္တူ
     (၇) မှတ်ပုံတင် မိတ္တူ
     (၈) ကုမ္ပဏီမှတ်ပုံတင်
( ခ) အိမ်သုံးမီတာ လျှောက်ထားမှု
     (၁) မှတ်ပုံတင် မိတ္တူ
     (၂) အိမ်ထောင်စုစာရင်း 
     (၃) ကာယကံရှင်လျှောက်လွှာ
( ဂ) ကိုယ့်အားကိုယ်ကိုးထရန်စဖော်မာ လျှောက်ထားမှု
     (၁) မှတ်ပုံတင် မိတ္တူ
     (၂) ကာယကံရှင် ၏ လျှောက်လွှာ
     (၃) ထားဝယ် ဓာတ်အားခွဲရုံ၏ ဝန်အားနိုင် / မနိုင် ထောက်ခံချက်
     (၄) လျှပ်စစ်ပုံစံ (၁၆ ၊ ၂၃)
     (၅) စက်မှုမှတ်ပုံတင် လက်မှတ်
     (၆) Technical  Data
     (၇) One Line  Diagram
     (၈) Location  Map
     (၉) အသုံးပြုမည့် ဝန်အားစာရင်း

 

 

 

 

 

Office Address and Location Map
Location Map: