Follow Us

တနင်္သာရီမြို့နယ် OSS ရုံးလုပ်ငန်းညှိနှိုင်းအစည်းအဝေး

Wed, 11/30/2016 - 17:47

မြိတ် နိုဝင်ဘာ ၃၀

     (၃၀ . ၁၁.၂၀၁၆) ရက်နေ့ (၁၁၀၀) အချိန်တွင် တနင်္သာရီမြို့နယ် OSS ရုံးခန်း၌ မြို့နယ် OSS ဆပ်ကော်မတီဥက္ကဋ္ဌသည် ဆပ်ကော်မတီတွင်ပါဝင်သော မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ဆပ်ကော်မတီဥက္ကဌက ဆွေးနွေးရာတွင် မိမိတို့ဌာန တာဝန်ယူ ဆောင်ရွက်ရသည့် လုပ်ငန်းများသည် အများပြည်သူသို့ ဝန်ဆောင်မှုပေးရသည့် လုပ်ငန်းများဖြစ်၍ အလေးထား ဆောင်ရွက်ပေးစေလိုကြောင်း၊ သတ်မှတ်ရုံးချိန်အတွင်း မိမိတို့၏ တာဝန်ချထား ပေးသည့် ဝန်ထမ်းများအား OSS ရုံး၌ တာဝန်ထမ်းဆောင်မှု ရှိ/မရှိ ကြီးကြပ်ပေးစေလိုကြောင်း၊ ဆွေးနွေးမှုအပေါ် OSS ဆပ်ကော်မတီပါ ဌာနဆိုင်ရာ အကြီးအကဲများက မိမိတို့ဌာနအလိုက် ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။