Follow Us

ကော့သောင်းခရိုင်အုပ်ချုပ်ရေးမှူး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

Wed, 11/30/2016 - 17:41

ကော့သောင်း နိုဝင်ဘာ ၂၉

      (၂၉.၁၁.၂၀၁၆)ရက်နေ့၊ နံနက်ဝ၈၃ဝအချိန်တွင် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်တည် ဆောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ဘုတ်ပြင်းမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ် တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ ပါဝင်သောအဖွဲ့တို့သည် မော်တော်ယဉ် များဖြင့် ခရီးထွက်ခွာလာခဲ့ရာ အတွင်းဘုတ်ပြင်းကျေးရွာအုပ်စု၊ ထောင်မွန်ကျေးရွာ၊ ၂၀၁၅-၂၀၁၆ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၆-၂၀၁ရဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောက်လုပ်သော အမကကျောင်းသို့ရောက်ရှိပြီး ကျောင်းဆောက်လုပ်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး ခဲ့ပါသည်။ ထို့နောက် ပြည်ကြီးမဏ္ဍိုင်မြို့၊၂၀၁၆−၂၀၁ရဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးပညာရေး ရန်ပုံငွေဖြင့် ဆောက်လုပ်သော လေညာအထကသို့ရောက်ရှိပြီး ကျောင်းဆောင်သစ် ဆောက်လုပ် မည့်နေရာအား ကြည့်ရှုစစ်ဆေး၍ ကျောင်းဆောင်ကော်မတီ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး၊ တည်ဆောက်မည့် ကုမ္ပဏီတို့နှင့်တွေ့ဆုံ၍ လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ခရိုင် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့သည် ပြည်ကြီးမဏ္ဍိုင်မြို့အုပ်ချုပ်ရေးမှူးရုံး၌မြို့အုပ်ချုပ်ရေးမှူး၊ ဝန်ထမ်း များနှင့်တွေ့ဆုံခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောက်လုပ် သော မီးသတ်စခန်းနှင့် လေညာ - ဘုတ်ပြင်း လမ်းကြောင်းတစ်လျှောက် လမ်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။