
ကော့သောင်း နိုဝင်ဘာ ၃၀
(၂၈.၁၁.၂၀၁၆)ရက်နေ့၊ (၀၆၀၀)အချိန်တွင် ကော့သောင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်သက်သည် တိုင်းဒေသကြီးသစ်တောဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးကျော်ဇေယျ၊ ခရိုင်လမ်း ဦးစီးဌာန၊ အင်/ယာမှူး ဦးထွန်းကြိုင်၊ ကော့သောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်သိန်း တို့ပါဝင်သောအဖွဲ့သည် ကော့သောင်းမြို့မှ အောင်ဘာကျေးရွာသို့ ရောက်ရှိပြီး ပဲ့ချိတ်စက် လှေဖြင့် မကြုံဂလက်ကျေးရွာသို့ ထွက်ခွာခဲ့ရာ မကြုံဂလက်ကျေးရွာရှိ OIKOS(INGO) မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ (၈.၁၂.၂၀၁၆) ရက်နေ့တွင် ဖွင့်လှစ်မည့်Visitor Centre ဖွင့်ပွဲ အခမ်းအနားတွင် လိုအပ်သည်များ ညှိနှိုင်းဆွေးနွေးခဲ့ပြီး ကျေးရွာအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။