Follow Us

နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

Thu, 09/08/2016 - 11:10

ဒေသဖွံ့ဖြိုးမှုကြီးကြပ်ဦးစီးဌာန(သို့) နတလဦးစီးဌာန စတင်ပေါ်ပေါက်လာပုံနှင့် နောက်ခံသမိုင်း
    နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ၏ ရုံးလုပ်ငန်းများအား တာဝန်ယူ ဆောင်ရွက်နိုင်ရန်အတွက် အရာထမ်း(၄၉)ဦး၊ အမှုထမ်း(၁၅၈)ဦး၊ ဝန်ထမ်းစုစုပေါင်း(၂၀၇)ဦးဖြင့် ဖွဲ့စည်းထားသော နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီရုံးအား နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏ လက်အောက်တွင် သီးခြားရုံးတစ်ရုံးအဖြစ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ရုံး၏ ၁၉၉၂ ခုနှစ်၊ ဧပြီလ(၈)ရက်နေ့စွဲပါ ရုံးအမိန့်အမှတ်စဉ် (၁၇/၉၂)ဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။ ဆက်လက်၍ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် အဖွဲ့အစည်းများ ပိုမိုများပြားလာသည့်အလျောက် ယင်းတို့ အခြေပြုရာဒေသများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးနိုင်ရန်အတွက် ဖွဲ့စည်းပုံ ပြန်လည်ပြင်ဆင်ရေးဆွဲထားသည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်‌မှုအကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီရုံး ဖွဲ့စည်းပုံ(မူကြမ်း)အား ၁၉၉၅ ခုနှစ်၊ စက်တင်ဘာလ(၈)ရက်နေ့ ဝန်ကြီးများရုံးရှိ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် အစည်းအဝေး၌ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးဗဟိုကော်မတီဥက္ကဌ ကိုယ်တိုင်တက်ရောက်၍ အသေးစိတ် စိစစ်ပြင်ဆင်ဖြည့်စွက်ပြီး ဦးစီးဌာနရုံးအဖြစ် ဖွဲ့စည်းရေး လမ်းညွန်ခဲ့ပါသည်။
     နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးဗဟိုကော်မတီဥက္ကဌ၏ လမ်းညွှန်ချက်နှစ်အညီ ရေးဆွဲပြုစုထားသော နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဖွဲ့စည်းပုံအား ၁၉၉၅ ခုနှစ်၊ အောက်တိုဘာလ(၂၅)ရက်နေ့တွင် ကျင်းပပြုလုပ်သော အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၄၀/၉၅) တွင် တင်ပြခဲ့ရာ အစိုးရအဖွဲ့၏ အတည်ပြုချက်ရရှိုခဲ့သဖြင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီရုံးကို ``နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအဖြစ် ပြင်ဆင်တိုးချဲ့ဖွဲ့စည်းခဲ့ပါသည်။ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဖွဲ့စည်းပုံကို နယ်ဘက်အရာထမ်း(၁၉၄)ဦး၊ အမှုထမ်း(၁၉၆၄)ဦး၊ စစ်ဘက်အင်ဂျင်နီယာ တပ်ရင်းအရာရှိ(၁၀၅)ဦး၊ အခြားအဆင့်(၃၄၂၀)ဦး၊ စုစုပေါင်း (၅၆၈၃)ဦးဖြင့် ဖွဲ့စည်းခွင့်ပြုခဲ့ပါသည်။
     ယခုပြည်ထောင်စုအစိုးရလက်ထက်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ၂ဝ၁၅ ခုနှစ်၊ ဇန်နဝါရီလ(၁၅)ရက်နေ့တွင် ကျင်းပပြုလုပ်သော အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၂/၂ဝ၁၅) မှ သဘောတူခွင့်ပြုချက်အရ နယ်ဘက်ဝန်ထမ်းအရာထမ်း(၃ဝ၁)ဦး၊ အမှုထမ်း(၁၉၆၇)ဦး၊ စုစုပေါင်း(၂၂၆၈)ဖြင့် ဖွဲ့စည်းခွင့်ရရှိခဲ့ပါသည်။

 

Office Address and Location Map: 
တိုင်းဒေသကြီးဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး
ဆိပ်ကမ်းသာလမ်း၊ ဆန်းချီတိုးချဲ့မြို့သစ်ရပ်၊ ထားဝယ်မြို့ 
၀၅၉-၂၂၁၂၆ 
ထားဝယ်ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး
ဆိပ်ကမ်းသာလမ်း၊ ဆန်းချီတိုးချဲ့မြို့သစ်ရပ်၊ ထားဝယ်မြို့ 
၀၅၉-၂၂၁၂၆ 
မြိတ်ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး  
ရှောင်ကွင်းလမ်း၊ စန္ဒဝတ်ကျေးရွာ၊ ရွှေပေးရပ်၊မြိတ်မြို့
၀၅၉-၄၁၈၃၉    

ကော့သောင်းခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး
မြခွာညိုလမ်း၊ ကြေးနန်းဝင်း(၁)မိုင်၊ အောင်သုခရပ်ကွက်၊ ကော့သောင်းမြို့ 
၀၉- ၄၉၉၀၂၆၂၀   

ရေဖြူမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး
ကျခတ္တပင်လမ်း၊ (ခ)ရပ်ကွက်၊ ရေဖြူမြို့နယ် 
တနင်္သာရီမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး
ဆင်မကြပ်လမ်း၊ ချောင်းကြီးရပ်ကွက်၊ တနင်္သာရီမြို့နယ်
ဘုတ်ပြင်းမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး
ပြည်ထောင်စုလမ်းမကြီး၊ ရွှေဘုံသာရပ်ကွက်၊
ဘုတ်ပြင်းမြို့နယ်