Follow Us

တနင်္သာရီမြို့နယ်အုပ်ချုပ်ရေးမှူး လယ်သစ်(န)ကျေးရွာ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်

Tue, 11/29/2016 - 18:08

မြိတ် နိုဝင်ဘာ ၂၉

    (၂၉.၁၁.၂၀၁၆)ရက်နေ့၊ (၁၁၀၀)နာရီအချိန်တွင် လယ်သစ်ကျေးရွာအုပ်စု၊ လယ်သစ်(န)ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဝင်းဓမ္မာရုံ၌ တနင်္သာရီမြို့နယ်အုပ်ချုပ်ရေးမှူးသည် ရပ်မိရပ်ဖ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ရာ ဒေသခံပြည်သူများမှ ကျေးရွာ၌ GSM တာဝါတိုင်တစ်ခု ဆောက်လုပ်ပြီးဖြစ်သော်လည်း ညနေ (၆) နာရီနှင့် (၈) နာရီကြား (၂)နာရီအတွင်း  ဖုန်းလိုင်းများ ပြတ်တောက်မှုများရှိနေပါသဖြင့် ဆောင်ရွက်ပေးစေလိုကြောင်း တင်ပြခဲ့ရာ တာဝါတိုင်အား တာဝန်ယူတည်ဆောက်ခဲ့သော CCS comservice ကုမ္မဏီမှ အဆိုပါတာဝါတိုင်သည် Huawei co.,ltd မှတစ်ဆင့် တည်ဆောက်ခြင်းဖြစ်၍ တစ်ပတ်အတွင်း TI (tower installation)အဖွဲ့အား စေလွှတ်ပေးနိုင်ရေး တင်ပြဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

     ဆက်လက်၍ ကျေးရွာအုပ်ချူပ်ရေးမှူးမှ ကျေးရွာ၌ မူးယစ်ဆေးဝါးဖြတ်လိုသူများရှိရာ တနင်္သာရီမြို့သို့ သွားရောက်ဆေးဖြတ်ပါက ခရီးဝေးသဖြင့် ကျေးရွာသို့ လာရောက်၍ ဆေးဖြတ်ပေးစေချင်ကြောင်းတင်ပြခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ညှိနှိုင်းပြီး (၂.၁၂.၂၀၁၆)နေ့ရက်တွင် မူးယစ်ဆေးဝါးဖြတ်လိုသူများအား လာရောက်ဆေးကုသပေးမည်ဟု ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။