Follow Us

မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆောင်ပြီး မြို့နယ်တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင် များ အလယ်တန်းကျောင်းဆောင်သစ် ဆောက်လုပ်နေမှုအား ကွင်းဆင်းစစ်ဆေး

Tue, 11/29/2016 - 17:55

မြိတ် နိုဝင်ဘာ ၂၉

       (၂၉.၁၁.၂၀၁၆)ရက်နေ့၊ (၁၀၀၀)နာရီအချိန်တွင် တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာအုပ်စု၊  လယ်သစ်(န)ကျေးရွာ၌ ၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ်၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ (၆၉)သန်းဖြင့် ထူးထက်ရှိန်ကုမ္မဏီက တာဝန်ယူဆောက်လုပ်လျက်ရှိသော (၁၂၀×၃၀)ပေရှိ (၁)ထပ်အလယ်တန်းကျောင်းဆောင်သစ်အား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းမင်းနိုင် ဦးဆောင်ပြီး မြို့နယ်တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများက BP/BQ တွက်ချက်မှုများနှင့် ကိုက်ညီမှုရှိ/မရှိ  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။