Follow Us

မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ကုန်သွယ်မှုမြှင့်တင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

Tue, 11/29/2016 - 17:49

မြိတ် နိုဝင်ဘာ ၂၉

          (၂၉.၁၁.၂၀၁၆)ရက်နေ့၊ နံနက်(၁၀၀၀)နာရီအချိန်တွင် မြိတ်မြို့နယ်ကုန်သွယ်ရေးစခန်း၌ ကျင်းပပြုလုပ်သည့် ကုန်သွယ်မှုမြှင့်တင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး၊ မြိတ်ကုန်သွယ်ရေးစခန်းမှ ဒုတိယညွှန်ကြားရေးမှူး၊ မြို့နယ်အကောက်ခွန်ဦးစီးမှူး၊ ခရိုင်ငါးလုပ်ငန်းဦးစီးမှူး၊ ခရိုင်ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးမှူးနှင့် ကုန်သည် လုပ်ငန်းရှင်များ စုစုပေါင်း (၂၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် မြိတ်ခရိုင်အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ ကုန်သွယ်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။