Follow Us

ရေဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

Tue, 11/29/2016 - 17:34

ထားဝယ် နိုဝင်ဘာ ၂၉

    (၂၉. ၁၁.၂၀၁၆ )ရက်နေ့၊ နံနက် (၀၈၀၀)နာရီ အချိန်တွင် ရေဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်ဦးဆောင်သော မြို့နယ်တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင် များမှ ရေဖြူမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများဖြစ်သော စည်ပင်သာယာလမ်းများ၊ လွှတ်တော်ကျပ်သိန်း (၁၀၀၀)ဖြင့် ဆောက်လုပ်နေသည့် လုပ်ငန်းများဖြစ်သော ကံပေါက်ကျေးရွာ အုတ်ရေမြောင်းတည်ဆောက်ခြင်းလုပ်ငန်း၊ အိန္ဒရာဇာကျေးရွာအုပ်စု၊ မလိုင်ဆွဲကျေးရွာ ကိုယ်ထူကိုယ်ထ ကျောင်းဆောင်အခင်းနှင့် ပြတင်းတံခါးတပ်ဆင်ခြင်းလုပ်ငန်း၊ မင်းသားကျေးရွာအုပ်စု၊ လယ်ကြီးကျေးရွာ ဘောလုံးကွင်းပြင်ဆင်ခြင်းလုပ်ငန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်နေသော မင်းသား ကျေးရွာ၊ ကျေးလက်ကျမ်းမာရေးဌာနခွဲ၊ နတ်ကြီးစင်ကျေးရွာ၊ ကျေးလက်ကျန်းမာရေးဌာနခွဲ တည်ဆောက်ခြင်းလုပ်ငန်း၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ ဖြင့် ဆောင်ရွက်နေသော အိန္ဒရာဇာကျေးရွာအတွင်း (၁)မိုင်ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းနှင့် အိန္ဒရာဇာ-ဆင်ကူး-လယ်ကြီး-မင်းသား-ဆင်စွယ်-ရေငံကြီး-စိန်ဘုံကျေးရွာ (၇)မိုင် (၂)ဖာလုံ မြေသားလမ်းခင်းခြင်းလုပ်ငန်းနှင့် မင်းသာ - ဆင်းကူးကျေးရွာ(၄)ဖာလုံ ကျောက်ချော လမ်းခင်းခြင်းလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။