Follow Us

မြိတ်မြို့တွင် အပြည်ပြည်ဆိုင်ရာကလေးများနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

Tue, 11/29/2016 - 10:52

မြိတ် နိုဝင်ဘာ ၂၈

    ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကုလသမဂ္ဂညီလာခံသဘောတူစာချုပ် (CONVENTION ON THE CHILD) (၂၇)နှစ်မြောက်နှစ်ပတ်လည်နေ့နှင့် အပြည်ပြည်ဆိုင်ရာ ကလေးများနေ့အထိမ်းအမှတ်အခမ်းအနားကို နိုဝင်ဘာလ(၂၈)ရက် နံနက်(၁၀)နာရီ အချိန်တွင် မြိတ်မြို့ ၊ ပုလဲရတနာခန်းမတွင်ကျင်းပခဲ့သည်။
    ရှေးဦးစွာ မြိတ်ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးလင်းကိုကိုကအဖွင့်အမှာစကား ပြောကြားခဲ့ပြီး အောင်မင်္ဂလာမူလတန်းကြို ကျောင်းမှ မူကြိုကလေးငယ်များက ပုဂံအကဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သည်။ 
    ထိုနောက် World Vision Internation (Myanmar) မှပေးပို့သည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ် (CONVENTION ON THE CHILD)(၂၇)နှစ်မြောက်နှစ်ပတ်လည်နေ့နှင့်အပြည် ပြည်ဆိုင်ရာ ကလေးများနေ့သဝဏ်လွှာအား တနင်္သာရီတိုင်းဒေသကြီး ဇုံမန်နေဂျာ ဦးအောင်ကျော်စိုးက ဖတ်ကြားသည်။
    ဆက်လက်၍ အပြည်ပြည်ဆိုင်ရာကလေးများနေ့ အထိမ်းအမှတ်အဖြစ် မြိတ်မြို့နယ်ကလေးများအဖွဲ့မှ သူတို့အတွက်နေရာလေးများ တခန်းရပ်ပြဇာတ်ဖြင့်လည်းကောင်း၊ ရွှေပြည်တန် ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းမှ အိမ်သီချင်းဖြင့်တေးသရုပ်ဖော်ခြင်း၊ မသန်စွမ်းကလေးငယ်များမှ တေးသရုပ်ဖော်တင်ဆက်ခြင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမူလတန်း ကြိုကျောင်းမှ မူကြိုကလေးငယ်များက မူကြိုကျောင်းသီချင်းဖြင့်ဖျော်ဖြေတင်ဆက်ခဲ့ကြရာ မြိတ်ခရိုင်အုပ်ချုပ်ရေ:မှူးက ကလေးငယ်များအားဂုဏ်ပြုဆုငွေ (၃၈၀၀၀၀)ကျပ် ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရေးသားပေးပို့သူ - ခိုင်ထူး ( မြိတ် ပြန်/ဆက် )