Follow Us

မြိတ်မြို့နယ်တွင် မူးယစ်ဆေးဝါးဖမ်းမိ

Fri, 11/11/2016 - 15:36

မြိတ် နိုဝင်ဘာ ၁၁

၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၁၀)ရက်နေ့၊ (၀၁၃၀)အချိန် မြိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်အေး ဦးစီးအဖွဲ့၊ မူးယစ်တပ်ဖွဲ့စု (၃၅)မှ ဒုရဲအုပ် ဝေဖြိုးအောင်၊ ရဲတပ်သား ကျော်စည်သူ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် ဇော်လင်းဦး ဦးစီးတပ်ဖွဲ့ဝင်များပါဝင်သောအဖွဲ့သည် သက်သေ ဦးတင့်ဇော် (အုပ်ချုပ်ရေးမှူး၊ မြိတ်တောင်)၊ ဦးသိန်းခိုင်ဦး(ရာအိမ်မှူး၊ ကလွင်ကျေးရွာ)တို့လိုက်ပါလျက် ကျွဲကူး-ကျောက်ဖျာတံတား ပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် ပိတ်ဆို့ရေးတာဝန်ထမ်းဆောင်နေစဉ် ကျောက်ဖျာဘက်မှ မြိတ်ဘက်သို့ ကျော်ဝင်း(ကျား) မောင်းနှင် လာသည့် (HONDA WAVE) ခဲရောင်ဘေးတွဲအပြာရောင်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေစစ်ဆေးရာ ဆိုင်ကယ်ဘေးတွဲနောက်ပိတ်တံခါးဂျက်အတွင်းမှ ပလတ်စတစ်အအေးစုပ်ပိုက်ငယ် (၂)ခုအတွင်း ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား (၆)ပြားအား သိုဝှက်သယ်ဆောင်လာစဉ် ရှာဖွေတွေ့ရှိသဖြင့် ကျော်ဝင်းအား သက်သေများရှေ့တွင် စစ်မေးရာ ဖမ်းဆီးခံရသောစိတ်ကြွဆေးပြားများမှာ (၇.၁၁.၂၀၁၆) ရက်နေ့တွင် ကိုကရင် (အမည်ရင်းမသိ) ထံမှ ဆေးပြား (၁၀)ပြားအား တစ်ပြားလျှင် (၃၀၀၀)ကျပ်နှုန်းဖြင့် (၃၀၀၀၀)ကျပ်ဖိုး ဝယ်ယူခဲ့ပြီး ၎င်းသုံးစွဲ၍ ကျန်ရှိသောဆေးပြားများဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါ သည်။ သို့ဖြစ်ပါ၍ ကွင်းဆက်တရားခံဖမ်းဆီးရမိရေးအတွက် နယ်မြေရဲစခန်းမှ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်းသတင်းရရှိပါသည်။