Follow Us

တနင်္သာရီမြို့နယ်တွင် ရွာတွင်းကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနားကျင်းပ

Fri, 11/11/2016 - 15:32

မြိတ် နိုဝင်ဘာ ၁၁

(၈.၁၁.၂၀၁၆)ရက်နေ့၊ နံနက် (၀၉၀၀)နာရီအချိန်တွင် တနင်္သာရီမြို့နယ်၊ အနောက်မော်တုန်းကျေးရွာ အုပ်စု၊ နန်းစိမ်းပြင်ကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းမင်းနိုင်တို့အဖွဲ့မှ တက်ရောက်ခဲ့ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် လူထုဗဟိုပြုစီမံကိန်း မှ လူမှုတာဝန်ခံနှင့် သတင်းပြန်ကြားရေးဆိုင်ရာ ဦးအောင်နိုင်ဦးမှ စီမံကိန်းဆိုင်ရာနှင့် ပြည်သူများမှ ပူးပေါင်း ဆောင်ရွက်မှုအကြောင်း ရှင်းလင်းပြောကြားပြီး အနောက်မော်တုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်သူရနှင့် ကျေးရွာကော်မတီဝင် ဦးကျော်ညွန့်တို့မှ ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားခဲ့ပါသည်။ အဆိုပါကွန်ကရစ်လမ်းအားကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ လူထုဗဟိုပြုစီမံကိန်း(NCDDP) အစီအစဉ်အရ Block Grant ထောက်ပံ့ငွေ(၇၂)သိန်းနှင့် ကျေးရွာဒေသခံပြည်သူများ၏ လုပ်အားခငွေကျပ် (၁၈)သိန်းဖြင့် တိုးချဲ့ဆောင်ရွက်နိုင်သဖြင့် စုစုပေါင်း လမ်းအရှည်(၁၃၂၀)ပေအထိ ဆောင်ရွက်နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။