Follow Us

လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ ရေဖြူမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ရဲကင်း/စခန်းများအား ကွင်းဆင်းစစ်ဆေး

Fri, 11/11/2016 - 12:29

ထားဝယ် နိုဝင်ဘာ ၁၁

           တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဇော်လွင်သည် (၉.၁၁.၂၀၁၆)ရက်နေ့ (၀၇၃၀)နာရီအချိန့်ခန့်တွင် ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး ဦးကျော်ကျော် လိုက်ပါလျက် နတလ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ရေဖြူမြို့နယ်၊ ကလိန်အောင်- ဇင်းဘာကျေးရွာချင်းဆက်ကျောက်လမ်း၊  စိန်ဘုံကျေးရွာမှမင်းသားကျေးရွာသို့ ကျေးရွာချင်းဆက် မြေသားလမ်းနှင့် အိန္ဒရာဇာကျေးရွာအတွင်း ကျောက်ချောလမ်း ဆောင်ရွက်မှုများ ကြည့်ရှုစစ်ဆေးခြင်း၊ မလွှဲတောင်စစ်ဆေးရေးဂိတ်တွင် တာဝန်ကျဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံခြင်း၊ မင်းသားကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံကာ လမ်းပြုပြင်ဆောင်ရွက်မှုအား မှာကြားခြင်း၊ ကလိန်အောင်မြို့ မီးသတ်ဦးစီးဌာနရုံးနှင့် နေအိမ်လိုင်းခန်းများ ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သတင်းရရှိပါသည်။