Follow Us

မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်သောအဖွဲ့ ငါးမုန့်ကြိတ်စက်ရုံများသို့ ကွင်းဆင်းစစ်ဆေး

Thu, 11/10/2016 - 17:46

မြိတ် နိုဝင်ဘာ ၁၀
၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်နေ့၊ (၁၆၄၀) နာရီအချိန်တွင် မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်သော အဖွဲ့သည် မြိတ်မြို့၊ အင်းလေးမြိုင်စက်မှုဇုံရှိ မင်းဇာနည်ငါးမုန့်ကြိတ်စက်ရုံ၊ ထူးထူးတိုးငါးမုန့်ကြိတ်စက်ရုံ၊ ဗင်းဒေရ်ငါးမုန့်ကြိတ်စက်ရုံ၊ အဆောင်ကောင်းငါးမုန့်ကြိတ် စက်ရုံများသို့ သွားရောက်ပြီး စက်ရုံပြုပြင်ပြီးစီး မှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။