Follow Us

မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး စစ်ဆေးရေးဂိတ် ဖွင့်လှစ်မည့်နေရာသို့ ကွင်းဆင်းစစ်ဆေး

Thu, 11/10/2016 - 17:16

မြိတ် နိုဝင်ဘာ ၁၀

၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်နေ့၊ (၁၆၄၅) နာရီ အချိန်တွင် မြိတ်ခရိုင်အုပ်ချုပ်ရေးမှူးမှ ခရိုင်ရဲမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာမြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ မြိတ်မြို့ စန္ဒဝတ်ကျေးရွာအုပ်စု၊ ကျောက်ဖြူတောင်ကျေးရွာ မြိတ်-ထားဝယ်၊ မြိတ်-ကော့သောင်း လမ်းဆုံနေရာရှိ စစ်ဆေးရေးဂိတ် ဖွင့်လှစ်မည့်နေရာသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ပြီး ရန်ကုန်မှ မြိတ်သို ့အဝင်ယာဉ်များ နှင့် ကုန်တင်ယာဉ်များအား စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။