Follow Us

ပုလောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်ပြီး မြို့နယ်တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်ရေး အဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေး

Thu, 11/10/2016 - 16:24

ပုလော နိုဝင်ဘာ ၁၀

၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်နေ့ (၁၃၀၀) နာရီ အချိန်တွင် ပုလောမြို့နယ်အတွင်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် လုပ်ငန်းများဖြစ်သည့် အ.ထ.က(ခွဲ) ရှေ့ကုန်း (၂) ခန်းတွဲ ဝန်ထမ်းအိမ်ရာ၊ အ.ထ.က ပလောက ်(၂) ခန်းတွဲ ဝန်ထမ်းအိမ်ရာ၊ (၁) မိုင် အကွာအဝေးရှိ ဘုရင့်တောင် ရွာပတ်လမ်း ကျောက်ခင်းခြင်းနှင့် (၁) မိုင် (၄) ဖာလုံအကွာအဝေးရှိ ပလောက် အမှတ်(၂) ရက်ကွက်၊ ကြွက်ခဲရွာပတ်လမ်းကျောက်ခင်းခြင်းတို့ကို ပုလောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်ပြီး မြို့နယ်တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်ရေး အဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်း ရရှိပါသည်။