Follow Us

CFG ENERGY PTE.LTD မှတာဝန်ရှိသူများ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများအား လာရောက်တွေ့ဆုံ

Wed, 11/09/2016 - 17:29

ထားဝယ် နိုဝင်ဘာ ၉

(၉.၁၁.၂၀၁၆) ရက်နေ့၊ (၁၀၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဧည့်ခန်းမ(၂)၌ CFG ENERGY PTE.LTD မှတာဝန်ရှိသူများသည် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများအား လာရောက်တွေ့ဆုံ၍ ကမ်းလွန်သဘာဝဓာတ်ငွေ့ ရှာဖွေရေးလုပ်ကွက် M-15 Offshore Block နှင့်ပတ်သက်ပြီး လုပ်ငန်းတိုးတက်မှုအခြေအနေများ အား ရှင်းလင်းတင်ပြခဲ့ကြောင်း သတင်းရရှိပါသည်။