Follow Us

မြိတ်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် လမ်းတံတားများတည်ဆောက်ရေးလုပ်ငန်း (၁၅)နှစ်စီမံကိန်း ရှင်းလင်းပွဲပြုလုပ်

Wed, 11/09/2016 - 16:25

မြိတ် နိုဝင်ဘာလ ၉ ရက်

      ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လမ်းတံတားများတည်ဆောက်ရေးလုပ်ငန်း (၁၅)နှစ်စီမံကိန်း ရှင်းလင်းပွဲကို ၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်နေ့၊ နံနက် (၁၀၃၀)နာရီ အချိန်၌ မြိတ်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် ကျင်းပခဲ့ရာ မြိတ်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီချို၊ ကျွန်းစုမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်ရီ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်အေးနှင့် သက်ဆိုင်ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ စုစုပေါင်း (၂၅)ဦး တက်ရောက်ဆွေးနွေး ခဲ့ကြောင်း သတင်းရရှိပါသည်။