Follow Us

မြိတ်မြို့ ကုန်းဖောက်ရပ်ကွက်တွင် လူနေအိမ်တစ်လုံးမီးလောင် ပြည်သူများဝိုင်းဝန်းငြိမ်းသတ်နိုင်ခဲ့

Tue, 11/08/2016 - 17:14

 

မြိတ် နိုဝင်ဘာ ၈

       တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာအုပ်စု၊ ကုန်းဖောက်ရပ်တွင် နိုဝင်ဘာလ(၇)ရက် (၁၈၃၅)နာရီခန့်က ဒေါ်ဇင်မာချိုပိုင်ဆိုင်သော အလျား(၈)ပေ၊ အနံ(၁၀)ပေ၊ ဓနိမိုး၊ ဝါးထရံကာ၊ ပျဉ်ခင်း (၁)ထပ်လူနေအိမ်တွင် သစ်သားခုံပေါ်တွင် အောက်ခံခွက်မပါဘဲ ဖယောင်းတိုင်မီးထွန်းထားရာ သစ်သားခုံနှင့် အနီးရှိပစ္စည်းများမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။
          မီးလောင်ရာသို့ မြို့နယ်မီးသတ်စခန်းနှင့် အရန်မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ်နှင့် ရေသယ်ယာဉ် စုစုပေါင်း(၈)စီးသွားရောက်ခဲ့ကြရာ မီးလောင်ခဲ့သော နေအိမ်အား ရပ်ကွက်အတွင်းရှိ ပြည်သူများနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြိမ်းသတ်ခဲ့သောကြောင့်(၁၈၄၀)နာရီတွင် မီးငြိမ်းသွားခဲ့ကြောင်း၊ မီးလောင်မှုကြောင့် ဓနိ(၁၈၀)ချပ်နှင့် ဝါးထရံ(၁၀)ချပ် မီးလောင်ဆုံးရှုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သတင်းရရှိပါသည်။

ရေးသားပေးပို့သူ - ခိုင်ထူး ( မြိတ် ပြန်/ဆက် )