Follow Us

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် ကုသိုလ်ကောင်းမှုပြုလုပ်

Tue, 11/08/2016 - 16:58

မြိတ် နိုဝင်ဘာ ၈

          နိုဝင်ဘာလ(၇)ရက်နေ့တွင်ကျရောက်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၂၈)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် နိုဝင်ဘာလ(၇)ရက် နံနက်(၁၀)နာရီက မြိတ်မြို့ လေးကျွန်းဆီမီးစေတီတော် သာသနာ့ဗိမာန်တွင် မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလင်းကိုကို ဦးဆောင်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်အေး၊ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ဌာနဆိုင်ရာများ မှ ကုသိုလ်ကောင်းမှုများပြုလုပ်ပါသည်။
    ရှေးဦးစွာ နိုင်ငံတော်သြဝါဒစရိယ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ လာသနာ လှည်းဘီးကျောင်းတိုက် ဆရာတော်ထံမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့်ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြပြီး ဆရာတော် သံဃာတော်အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များ နာယူခဲ့ကြသည်။ ယင်းနောက် ဆရာတော် သံဃာတော်အရှင်သူမြတ်များအား တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။
    ဆက်လက်၍ လှည်းဘီးကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာတရားများနာကြားကြ၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ်ရွတ်ဆိုဘုရားကန်တာ့၍ ရုပ်သိမ်းခဲ့ ကြသည်။ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ဆရာတော် သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းပြီး ဧည့်ပရိတ်သတ်များအား နေ့လည်စာဖြင့် ဧည့်ခံခဲ့ကြောင်း သတင်းရရှိပါသည်။

ရေးသားပေးပို့သူ - ခိုင်ထူး ( မြိတ် ပြန်/ဆက် )