Follow Us

မီးဘေး ကြိုတင်ကာကွယ်ရေး မီးငြိမ်းသတ် ဇာတ်တိုက်လေ့ကျင့်

Tue, 11/08/2016 - 16:46

မြိတ် နိုဝင်ဘာ ၈

        ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးနှင့် လွန်းကျင်းမီးဘေး အန္တရာယ်ကင်းဝေးစေရေးအတွက် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ ကျွဲကူးရွာရှိ ဧရာနဒီ လွန်းကျင်းနှင့် ကျွဲကူးမြေပေါ်လွန်းကျင်းတို့တွင် နိုဝင်ဘာလ(၆)ရက် နံနက်(၉)နာရီက မီးငြိမ်းသတ် ဇာတ်တိုက်လေ့ကျင့်ခဲ့ကြပါသည်။
       ဇာတ်တိုက်လေ့ကျင့်ရာတွင် လှေလွန်းကျင်းစက်ရုံအတွင်း ကနဦးငြိမ်းသတ်ရေးပစ္စည်းများဖြင့် ငြိမ်းသတ်ခြင်း၊ မီးငြိမ်းသတ်ယာဉ်အုပ်စုဖြင့် ငြိမ်းသတ်ခြင်း၊ မီးငြိမ်းသတ်ယာဉ်အုပ်စုဖြင့် ငြိမ်းသတ်စဉ် စက်ရုံမှ ရေအဆက်မပြတ်ရရှိရေး ပူးပေါင်းဆောင်ရွက်ခြင်း၊ မီးသတ်ယာဉ်ပါလှေခါးဖြင့် လှေခါးထောင် မီးငြိမ်းသတ်ခြင်း စသည်တို့ကို ဇာတ်တိုက်လေ့ကျင့်ခဲ့ကြပါသည်။ 
       ဇာတ်တိုက်လေ့ကျင့်ခြင်းကိုမြို့နယ်မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၂)စီး၊ ကျွဲကူးနယ်မြေ မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး စုစုပေါင်း(၆)စီးဖြင့် မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှူးဦးဇော်ဝင်း ဦးဆောင်၍ သန္ဓေ+အရန် မီးသတ် တပ်ဖွဲ့ဝင်များ ကျွဲကူးနယ်မြေရဲတပ်ဖွဲ့ဝင်များ၊ လှေလွန်းကျင်းဝန်းထမ်းများ စုပေါင်းကာ ဇာတ်တို်က်လေ့ကျင့်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

ရေးသားပေးပို့သူ - ခိုင်ထူး ( မြိတ် ပြန်/ဆက် )